Top News

■ မေဂျာလိဂ်ကလပ် (၃)သင်းနှင့် နေမာ ဆွေးနွေးနေ
24htopnews | January 17, 2025 5:12 PM CST

နာမည်ကျော် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် မေဂျာလိဂ်ကလပ် (၃)သင်းနှင့် ဆွေးနွေးနေကြောင်း သိရသည်။ 

နေမာ (၃၂ နှစ်)သည် လက်ရှိအချိန်၌ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း၏ ကစားသမားတစ်ဦး ဖြစ်နေသော်လည်း ၎င်း၏ ဒဏ်ရာပြဿနာများနှင့် မြင့်မားသည့် လစာနှုန်းထားကြောင့် အယ်လ်ဟီလာအသင်းက လမ်းခွဲရန် စီစဉ်နေသည်။ 

ထို့ပြင် အယ်လ်ဟီလာအသင်းနှင့် ချုပ်ဆိုထားသည့် နေမာ၏လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

ထို့ကြောင့် မေဂျာလိဂ်ကလပ်များက လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် နေမာအား ခေါ်ယူရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။ 

နေမာနှင့် ဆွေးနွေးနေသည့် မေဂျာလိဂ်အသင်းများထဲတွင် ချီကာဂိုဖိုင်းယားအသင်းပါဝင်သော်လည်း အင်တာမိုင်ယာမီအသင်း ပါဝင်ခြင်းမရှိကြောင်း သိရသည်။

အင်တာမိုင်ယာမီအသင်းတွင် နေမာ၏ ဘာစီလိုနာအသင်းဖော်ဟောင်းများဖြစ်သည့် မက်ဆီ၊ ဆွာရက်ဇ်၊ ဘူးစကွက်စ်နှင့် ယော်ဒီအယ်လ်ဘာတို့ ကစားလျက်ရှိသည်။ 


READ NEXT
Cancel OK