Top News

■ ချူယာမန်နီကို လာမည့်နွေတွင် ရီးယဲလ်အသင်း ရောင်းထုတ်မည်
24htopnews | January 17, 2025 5:12 PM CST

ရီးယဲလ်အသင်းသည် ပြင်သစ်ကွင်းလယ်ခံစစ်ကစားသမား ချူယာမန်နီကို လာမည့်နွေရာသီတွင် ရောင်းထုတ်မည်ဖြစ်ကြောင်း သိရသည်။ 

ချူယာမန်နီ(၂၄ နှစ်)သည် ၂၀၂၂ ခုနှစ်တွင် မိုနာကိုမှ ရီးယဲလ်သို့ ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၈၀)ဖြင့် ရောက်ရှိခဲ့သူဖြစ်သည်။ 

သို့သော် ရီးယဲလ်အသင်းက ၎င်း၏ခြေစွမ်းကို စိတ်တိုင်းကျခြင်းမရှိသည့်အတွက် ပြန်လည်ရောင်းထုတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းကို လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီးနှင့် PSG တို့က ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ချူယာမန်နီအား ခေါ်ယူရန် ယူရိုသန်း (၅၀) ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ရီးယဲလ်အသင်းက ပယ်ချခဲ့ပြီး ၎င်းအတွက် အနည်းဆုံး ယူရိုသန်း (၇၀) အလိုရှိနေကြောင်း သိရသည်။ 


READ NEXT
Cancel OK