
အမျိုးသမီးတစ်ဦးက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရခြင်းအတွက် UFC ချန်ပီယံဟောင်းဖြစ်သည့် နာမည်ကြီး အိုင်ယာလန် MMA ကစားသမား မက်ဂရီဂေါ်ကို ထပ်မံတရားစွဲ ဆိုခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇွန်လက ကျင်းပခဲ့သည့် NBA Finals ဗိုလ်လုပွဲ၏ ပွဲစဉ် (၄)အပြီးတွင် Kaseya Center ကွင်းရှိ VIP အမျိုးသားရေ ချိုးခန်းအတွင်း မက်ဂရီဂေါ်၏ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ခံခဲ့ရကြောင်း အမည်မသိ အမျိုးသမီးတစ်ဦးက တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်တွင် မက်ဂရီဂေါ်၏ လုံခြုံရေးတာဝန်ရှိသူက ပါဝင်ကူညီကြောင်း တိုင်ကြားထားပြီး အဆိုပါကွင်း၏ အိမ်ရှင် ဖြစ်သည့် မိုင်ယာမီဟိသ်အသင်းမှာလည်း တရားစွဲဆိုခံထားရသည်။
မက်ဂရီဂေါ်သည် မကြာသေးမီကလည်း ၂၀၁၈ ခုနှစ်က အိုင်ယာလန်နိုင်ငံရှိ ဟိုတယ်၌ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည်။
ယင်းနောက် ယခုအချိန်တွင် နောက်ထပ် လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်သည့်သတင်း ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်