
ကချင်ပြည်နယ်၊ ဖားကန့် ဒေသ ၊ စပေါ့ကျေးရွာနှင့် ဆိပ်မူကျေးရွာ ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်ကျမှု သေဆုံးသူ ၃၂ ဦးအထိ ရှာဖွေခဲ့ပြီးနောက် ဇန်နဝါရီ ၁၅ ရက်နေ့က ရှာဖွေမှုများကို ရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။ '
လက်ရှိတွင် နွံကန်ပေါက်ကျမှုကြောင့် စပေါ့ကျေးရွာနှင့် ဆိပ်မူကျေးရွာ ဆက်သွယ်ထားသည့်လမ်းကြောင်းပေါ်မှ ရွှံနွံများကို ရှင်းလင်းခဲ့ပြီဖြစ်ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။ ပျောက်ဆုံးသူ စာရင်း အတိအကျ မထွက်လာသော်လည်း ပျောက်ဆုံးသူပေါင်း ၇၀ နီးပါးခန့်ရှိခဲ့ကြောင်း အုပ်ချုပ်ရေးနှင့် နီးစပ်သူများက ဆိုသည်။
“မနေ့က ညနေအထိ ရှာတယ်။ ဆေးရုံးမှာ တစ်ဦးဆုံးတယ်။ကိုယ်ဝန်သည်လည်းပါတယ်။ ကလေးငယ် ဆယ်နှစ်အောက်က လေး ယောက်ပါတယ်။ ပျောက်တာတွေက စာရင်းက ကေအိုင်အေဘက်မှာ စာရင်းရှိတယ်ကြားတယ်။ ကျနော်တို့က သုံးပုံ တစ်ပုံလောက်တော့ ရှာနိုင်တဲ့ သဘောပါ။အခုက တွေ့တာနဲ့သတင်းပို့ဖို့ပဲ ပြောထားတယ်။ အနိမ့်ပိုင်းတွေက ရွှံနွံတွေကို သယ်ပစ်ဖို့ မလွယ်ဘူးလေ '' ဟု ကယ်ဆယ်ရေးတွင် ပါဝင်သူ တစ်ဦးက ဆိုသည်။
ဇန်နဝါရီ ၁၃ ရက် နံနက် ၁ နာရီခန့်က စပေါ့ကျေးရွာအထက်ပိုင်းက ရတနာ အဓိပတိ ကုမ္ပဏီလုပ်ကွက်ဟောင်းက ကျောက်စိမ်းလုပ်ကွက်ဟောင်း နွံကန်ပြိုကျရာတွင် နေအိမ် ၅၇ လုံးမှာ ရွှံနွံအတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးကလည်း ဖားကန့်မြို့နယ်၊ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်ကျမှုဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ခံစား သေဆုံးရသူများကို ကူညီရန် တိုက်တွန်းခဲ့သည်။
၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များအတွင် နွံကန်ပေါက်ကျမှု၊ကမ်းပါးပြိုမှုများ ဖြစ်ပွားခဲ့ပြီးလူဆယ်နှင့်ချီ သေဆုံခဲ့သည်။
၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ဝှေခါကျေးရွာ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှု မှ ရေမဆေးကျောက်ရှာဖွေသူ ၁၉၀ ကျော် သေဆုံးခဲ့မှုသည် ဖားကန့်ဒေသတွင် အသေအပျောက်အများဆုံး သေဆုံးမှု ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်