Top News

စွပ်စွဲပြစ်တင်ခံထားရသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက စုံစမ်းစစ်ဆေးသူများ၏ မေးခွန်းများကို ဖြေကြားရန်ငြင်းဆို
24htopnews | January 17, 2025 4:12 PM CST

စွပ်စွဲပြစ်တင်ခံထားရသည့် တောင်ကိုရီးယားသမ္မတယွန်းဆော့ယို (Yoon Suk Yeol)က ဇန်နဝါရီ ၁၆ ရက်တွင် စုံစမ်းစစ်ဆေးသူများ၏ မေးခွန်းများကို ဖြေကြားရန် ငြင်းဆိုခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

ယွန်သည် အောင်မြင်ခြင်းမရှိခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့မှုအတွက် ဖမ်းဆီးခံခဲ့ရပြီးနောက်တစ်ရက်အကြာတွင် တာဝန်ရှိသူများ၏ မေးခွန်းများကို ဖြေကြား ရန်ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုအချိန်အတောအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးကလည်း ယွန်း၏ စွပ်စွဲပြစ်တင်ခံရမှုနှင့်ပတ်သက်ပြီး ယွန်းအားသမ္မတရာထူးတွင် ဆက်ထားသင့်၊ မထားသင့်ကို ဆုံးဖြတ်ရန်အတွက် ဒုတိယအကြိမ်မြောက် ကြားနာစစ်ဆေးမှုကိုပြုလုပ်နေသည်။

ယွန်းသည် တောင်ကိုရီးယားနိုင်ငံ သမိုင်းတွင် ရာထူးလက်ဝယ်ရှိနေစဉ် ဖမ်းဆီးခံရသည့် ပထမဆုံးသမ္မတဖြစ်လာခဲ့သည်။

ထိပ်သီးအစိုးရရှေ့နေဟောင်းတစ်ဦး ဖြစ်သည့် ယွန်းသည် ပုန်ကန်မှုစွဲချက်များနှင့် ရင်ဆိုင်နေရပြီး ၎င်းဖမ်းဆီးခံခဲ့ရသည့် ဇန်နဝါရီ ၁၅ ရက်တွင် စစ်ဆေးမေးမြန်းခံခဲ့ရသော်လည်း ပြန်လည် ဖြေကြားခြင်းမပြုပိုင်ခွင့်ကို အသုံးချခဲ့ပြီး မေးခွန်းများကို ဖြေကြားခဲ့ခြင်းမရှိပေ။

ထို့နောက် တာဝန်ရှိသူများက ယွန်းကို ထိန်းသိမ်းရေးစင်တာတစ်ခုဆီ ပို့ဆောင်ခဲ့သည်။

အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံး(CIO)မှ စုံစမ်းစစ်ဆေးသူများက ယွန်းကို နောက်တစ်ကြိမ် စစ်ဆေးမေးမြန်းရန် ဇန်နဝါရီ ၁၆ ရက်တွင် ခေါ်ယူခဲ့သော်လည်း ယွန်း၏ တရားရေးအဖွဲ့က ယွန်းသည် သွား ရောက်ဖြေကြားလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ယွန်းဟာ သူ့ရဲ့သဘောထားကို ပြောင်းလဲမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကို သမ္မတယွန်းဆော့ယိုရဲ့ ကိုယ်စားလှယ်တွေက ယွန်းရဲ့ တရားရေးအတိုင်ပင်ခံအဖွဲ့ကတစ်ဆင့် CIO ကိုအကြောင်းကြားလာပါ တယ်။အဓိပ္ပာယ်ကတော့ ယွန်းဟာမေးခွန်းတွေကိုလာရောက်ဖြေကြားမှာမဟုတ်ဘူး ဆိုတာပါပဲ”ဟု CIO က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယွန်း၏ ရှေ့နေတစ်ဦးကလည်း ယွန်းသည် မေးခွန်းများကို သွားရောက်ဖြေကြား လိမ့်မည်မဟုတ်ကြောင်း အေအက်ဖ်ပီသတင်းဌာနကို အတည်ပြုခဲ့ပြီး မည်သည့်အကြောင်းပြချက်ကြောင့် မေးခွန်းများဖြေကြား မည်မဟုတ်ဆိုခြင်းကိုမူ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။

သို့သော် ယွန်း၏ကျန်းမာရေးအခြေ အနေကြောင်းဖြစ်ကြောင်း အဆိုပါရှေကနေက ယွန်ဟပ်သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

“သမ္မတယွန်းက သိပ်နေမကောင်းပါဘူး။ပြီးတော့ သူ့ရဲ့ သဘောထားဟာမနေ့ကအတိုင်းပဲဖြစ်တယ်ဆိုတာ အပြည့်အဝရှင်းပြပြီးပါပြီ။ အဲဒါကြောင့် ဒါနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းစရာမလိုပါဘူး”ဟု ယွန်း၏ ရှေ့နေတစ်ဦးဖြစ်သည့် ယွန်းကက်ဘ်ကွမ်က ယွန်ဟပ်ကို ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၅ ရက်က ထောင်နှင့်ချီသည့် ရဲတပ်ဖွဲ့ဝင်များနှင့် စုံစမ်းစစ်ဆေးသူများသည်ယွန်း၏ နေအိမ်သို့ဝင်ရောက်လာချိန်တွင် သွေးထွက်သံယိုမဖြစ်စေရန်အတွက် ဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြောင်း ယွန်းက ပြောကြားခဲ့သည်။                   

Ref: AFP


READ NEXT
Cancel OK