
မလေးရှားရှိ ဆီအုန်းစိုက်ခင်းတစ်ခုအတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၁ ဦး ဖမ်းဆီးခံရကြောင်း မလေးရှားအခြေစိုက် The Sun သတင်းတွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသည့်နေရာမှာ မလေးရှားနှင့် ထိုင်းနိုင်ငံ နယ်စပ်အနီးရှိ ဆီအုန်းစိုက်ခင်းတစ်ခုဖြစ်ပြီး မလေးရှား တပ်မတော်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါနယ်မြေအနီးရှိ ဆီအုန်းစိုက်ခင်းတွင် ပုန်းအောင်းနေသည့် ရွှေ့ပြောင်းအခြေချသူများကို လှည့်ကင်းဆောင်ရွက်သည့် အဖွဲ့ဖြင့် မလေးရှားအမှတ် ၆ ခြေမြန်တပ်မဟာ၏ ကြီးကြပ်မှုအောက်တွင် နံနက် ၆ နာရီခန့်တွင် ဖမ်းဆီးခဲ့ကြောင်း မလေးရှားတပ်မတော်က သတင်းထုတ်ပြန်သည်။
ဖမ်းဆီးရမိသူ ၃၁ ဦးမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများဖြစ်ပြီး အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၄ ဦး၊ ဆယ်ကျော်သက် ယောကျ်ားလေးနှစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ဖြစ်ကြောင်း၊ ၄င်းတို့ထံမှ လက်ကိုင်ဖုန်း ၂၃ လုံး၊ လက်ဝတ်ရတနာအချို့နှင့် မလေးရှားရင်းဂစ် ၂၇၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
အထောက်အထားမဲ့ တရားမဝင်ရွှေ့ပြောင်း မြန်မာလုပ်သားများကို ဘူကစ်ကယုဟစ်တမ် ရဲစခန်းသို့ မလေးရှားတပ်မတော်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်