Top News

ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦးနှင့် စာချဆရာတော်တစ်ပါး ဗုံးစထိမှန်ဒဏ်ရာရရှိ
24htopnews | January 17, 2025 6:12 AM CST

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦးနှင့် စာချဆရာတော်တစ်ပါး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီတွင် ကံကြီးကုန်းကျေးရွာအတွင်းသို့ PDF များက ယာကြီးတောကျေးရွာအနီးမှနေ၍ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သဖြင့် အဆိုပါကျေးရွာရှိ ဘုံခုနှစ်ဆင့်ဘုရား၏အရှေ့ဘက် ၁၀ ပေခန့်အကွာသို့ ဗုံးသီးတစ်လုံး၊ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ပင်မကျောင်းဆောင်၏မြောက်ဘက် ၁၀ ပေခန့်အကွာသို့ ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်အတွင်းရှိနေသည့် စာချဆရာတော် ဥူးအိန္နသက္က (သက်တော် ၂၉ နှစ်) (ကိုးဝါ)တွင် ယာခြေသလုံး ဗုံးစရှပ်ထိဒဏ်ရာနှင့် မောင်အေးချမ်းမောင်(၈ နှစ်)တွင် ယာခြေသလုံးဗုံးစရှပ်ထိဒဏ်ရာတို့ ရရှိခဲ့၍ ဆေးဝါးကုသမှုများ ပြုလုပ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။


READ NEXT
Cancel OK