
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် သလ္လာရပ်ကွက်တွင် အမျိုးသားတစ်ဦးနှင့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဂေါ်ရီကျေးရွာ၌ အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂၈ ရက် နံနက် ၁၁ နာရီခွဲတွင် မုံရွာမြို့နယ်၊ သလ္လာရပ်ကွက်၊ မုံရွာ-သာစည်လမ်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကမ္မကျေးရွာနေ ဦးကျော်မြိုင် (၅၄ နှစ်)သည် သလ္လာရပ်ကွက်ရှိ သာစည်စျေးမှ ၎င်း၏နေအိမ်သို့ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အခင်းဖြစ်နေရာ အရောက်တွင် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးကျော်မြိုင်တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဂေါ်ရီကျေးရွာအနီးရှိ တောင်ယာတဲ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန်ရွက်ကျေးရွာနေ ဦးဝင်းဌေး (ခ)ပေါက်စ(၄၀ နှစ်)သည် အဆိုပါတောင်ယာတဲ၌ ရှိနေစဉ် အမျိုးသားငါးဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းဌေး(ခ)ပေါက်စတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်