Top News

ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၌ သဘာဝဘေးဖြစ်စဉ်ပေါင်း ၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရနှင့် ပျက်စီးဆုံးရှုံးမှု အများအပြားရှိခဲ့
24htopnews | January 17, 2025 6:12 AM CST

ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၌ သဘာဝဘေးဖြစ် စဉ်ပေါင်း ၇၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိ ရသည်။

အဆိုပါ သဘာဝဘေးဖြစ်စဉ်များ၌ လူ သေဆုံးဒဏ်ရာရမှု၊ ပျက်စီးဆုံးရှုံးမှု အများအ ပြားရှိခဲ့ကြောင်း ဘေး/စီမံဦးစီးဌာနမှ ညွှန် ကြားရေးမှူးက အတည်ပြုပြောကြားသည်။

“မီးဘေး၊ လေဘေး၊ ကမ်းပြိုဘေး၊ မိုးကြိုး ဘေး၊ ရေဘေး ၊ ပဋိပက္ခဘေး၊ ထူးခြားဘေး အားလုံးပေါင်း ၇၃၄ ကြိမ်ရှိခဲ့တယ်။ လုံးဝ ပျက်စီးတဲ့အိမ်က ၁၈၇၄ လုံးရှိတယ်။ တစ် စိတ်တစ်ပိုင်းပျက်စီးတာ ၃၆၁၃ လုံးရှိတယ်။ ပြောင်းရွှေ့ရတာက ၄၆၉ လုံးရှိပါတယ်။ ဘေး သင့်အိမ်ထောင်စုအားဖြင့် ၇၄၀၇ စု၊ လူဦး ရေက ၂၉၇၅၇ ဦး၊ ဘာသာရေးကျောင်းအ နေနဲ့ လုံးဝပျက်စီးတာကရှစ်ခု၊ တစ်စိတ်တစ် ပိုင်းပျက်တာ ၂၀၊ ပြောင်းရွှေ့ရတာတစ်ခုရှိ ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။

လူသေဆုံး၊ ဒဏ်ရာရမှုများမှာ မိုးကြိုး ဘေး၊ မီးဘေး၊ လေဘေးနှင့် ထူးခြားဘေးဖြစ် စဉ်တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေဆုံးတာ စုစုပေါင်း ၅၄ ယောက်၊ ဒဏ်ရာရ ၂၃ ယောက်ရှိခဲ့တယ်။ မိုးကြိုးဘေး က ၃၁ ယောက်သေတယ်။ ခြောက်ယောက် ဒဏ်ရာရတယ်။ မီးဘေးက ၁၁ ယောက်သေ တယ်။ လေးယောက်ဒဏ်ရာရတယ်။ လေဘေး က ခြောက်ယောက်သေတယ်။ ၁၃ ယောက် ဒဏ်ရာရတယ်။ တောဆင်ရိုင်းနဲ့ မိကျောင်း ဘေး အဲဒီထူးခြားဘေးတွေမှာ သေတာငါး ယောက်၊ ဒဏ်ရာရတ ာခြောက်ယောက်ရှိ တယ်”ဟု  ဦးစဝီလီဖရန့်က ဆက်လက်ပြော ကြားသည်။

“ပြောင်းရွှေ့ရတာကတော့ ကမ်းပြိုဘေး ပေါ့။ မီးဘေး၊  လေဘေးနဲ့ ရေဘေးမှာ နေအိမ် တွေ အဓိက ထိခိုက်ပျက်စီးတယ်။ တောဆင် ရိုင်းဘေးက ပုသိမ်နဲ့ သာပေါင်းဘက်မှာ ဖြစ် တယ်။  မိကျောင်းဘေးက ဘိုကလေးဘက်မှာ ဖြစ်တယ်။ လေဘေးကတော့ မအူပင်ခရိုင် ဘက် ပန်းတနော်၊ မအူပင်၊ ညောင်တုန်း၊ ဓနု ဖြူ အဲဒီဘက်မှာ ဖြစ်တာတွေ့ရတယ်။ ကမ်းပြို ဘေးကတော့ ပန်းတနော်ဘက်မှာ များတယ်။ မိုးကြိုးနဲ့ မီးဘေးကတော့ နှ့ံနှံ့ပျံ့ပျံ့ဖြစ်တယ်။ မီးဘေးမှာ အိမ်ခြေအလုံး ၃၀၀ လုံးဝပျက်စီး တယ်။ လေဘေးမှာ လုံးဝပျက်စီးတာ ၁၄၄၅ လုံး၊ ရေဘေးက လုံးဝပျက်စီးတာ ၁၀၉ လုံးရှိ တယ်။ အဲဒီဘေးသုံးခုမှာ တစ်စိတ်တစ်ပိုင်းပျက်စီးတဲ့အိမ်တွေ များတယ်။ လေဘေးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးတာတင် ၃၀၀၀ ကျော် တယ်”ဟု ဦးစဝီလီဖရန့်က သုံးသပ်ပြောကြား သည်။

ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း သဘာဝဘေးဖြစ်စဉ်များ၌ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း နှင့် ထောက်ပံ့ငွေစုစုပေါင်း ကျပ် ၆၀၆၃ သိန်း ကျော်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အောင်ကျော်မျိုး


READ NEXT
Cancel OK