
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ် ဘုရားသုံးဆူမြို့ပေါ်ရှိ ဌာနဆိုင်ရာအ ဆောက်အအုံအချို့ မီးရှို့ဖျက်ဆီးခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ သည်။
ဇန်နဝါရီ ၂၉ ရက် နံနက် ၆ နာရီ ၁၅ မိ နစ်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ဘုရားသုံးဆူမြို့ အမှတ် (၃) ရပ်ကွက် မြို့မစျေးလမ်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးးစီးဌာနရုံးသို့ KNU နှင့် PDF အဖွဲ့ အင်အားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ထော့မဲ့ပါ (ခ) ကရင်စုရပ်ကွက်သစ်ဘက်မှ ဥဒေါင်းကန်ပတ်လမ်းအတိုင်း မြို့အတွင်းသို့ ဝင်ရောက်မီးရှို့ခဲ့သဖြင့် မီးလောင်မှုကြောင့် မြေစာရင်းရုံးအတွင်းရှိ တစ်ထပ်၊ သွပ်မိုးအုတ် ညှပ်အဆောက်အအုံတစ်လုံး၊ သွပ်မိုး ပျဉ် ထောင်နေအိမ်လိုင်းခန်း တစ်လုံးနှင့် မြေစာ ရင်းရုံးနှင့်ကပ်လျက်ရှိ မြန်မာ့ဆက်သွယ်ရေး ရုံးအတွင်းရှိ MPT ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သော ဆက်စပ်ပစ္စည်းများ ထားရှိ သည့် သွပ်မိုး/အုပ်ညှပ်အဆောက်အအုံ အ ခန်းတစ်ခန်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်မှ ကျူးလွန်သူများ အား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ နိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်