Top News

ရန်ကုန်တိုင်းဒေသကြီးတွင် ၁၈ ရက်အတွင်း မီးလောင်မှု ၂၈ ကြိမ်ဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံး
24htopnews | January 17, 2025 6:12 AM CST

ရန်ကုန်တိုင်းဒေသကြီးတွင် ၁၈ ရက် အတွင်း မီးလောင်မှု ၂၈ ကြိမ်ဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၃ ရက်မှ ဇန်နဝါရီ ၃၀ ရက် အတွင်း Grand Royal အရက်ချက်စက်ရုံ၊ စိန်ဂေဟာ အစရှိသည့် ဆုံးရှုံးမှုကြီးမားသည့် မီးလောင်မှုများဖြစ်ပွားခဲ့ပြီး အဆိုပါမီး လောင်မှုများကြောင့် မီးသတ်တပ်ဖွဲ့နှင့် ပရ ဟိတအဖွဲ့ဝင် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ မှော်ဘီမြို့နယ် Grand Royal အရက်ချက်စက်ရုံမီးလောင်မှုအား ၁၆ နာရီ ကျော် မီးငြိှမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ချက်များအရ သိရသည်။

အရက်ချက်စက်ရုံမှာ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီခွဲမှစတင်ကာ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက် နံနက် ၇ နာရီတွင်မှ မီးငြိမ်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုအား မီးသတ် တပ်ဖွဲ့မှ Level 3 အဆင့်သတ်မှတ်ကာ မီး ငြိှမ်းသတ်ခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင်နှင့်ပရဟိ တတပ်ဖွဲ့ဝင် ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၂၇ ရက် ည ၇ နာရီခွဲ ကျော်တွင် လှိုင်သာယာမြို့နယ်  မဟာမင်း ခေါင်လမ်းရှိ စိန်ဂေဟာတွင် မီးလောင်ကျွမ်း မှု ဖြစ်ပွားကြောင်း သတင်းရသဖြင့် မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များမှ သွား ရောက်ခဲ့ကြောင်းသိရသည်။

စိန်ဂေဟာအပေါ်ထပ်မှ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ပြီး ယင်းနောက် အခြား နေရာများသို့ မီးကူးစက်ခဲ့ခြင်းဖြစ်ကာ အဆို ပါမီးလောင်မှုကြောင့် အရန်မီးသတ်တပ်ဖွဲ့ ဝင်လေးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပရဟိတအဖွဲ့ဝင်များထံမှ သိရသည်။

ဇန်နဝါရီ ၂၅ ရက် နံနက် ၂ နာရီကျော် ခန့်တွင် မြောက်ဒဂုံမြို့နယ် ၃၃ ရပ်ကွက် စိန် ပန်းမြိုင်(၁)လမ်းရှိ နေအိမ်တစ်အိမ် မီး လောင်ကျွမ်းသဖြင့် နေအိမ်ရှိ အသက် ၉၀ အရွယ်အဘွားအိုတစ်ဦး၊ အသက် ၃၀ အ ရွယ်သူနာပြုတစ်ဦး၊ အသက် ၂၀ ဝန်းကျင် ခန့်အရွယ်ရှိ သူနာပြုတစ်ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတို့မှာ အခင်းဖြစ် နေရာတွင် သေဆုံးခဲ့သည်။

မီးလောင်မှု ၂၈ ကြိမ်တွင် မော်တော် ယာဉ်မီးလောင်မှု၊ နေအိမ်မီးလောင်မှုနှင့် မြက်ခြောက်မီးလောင်မှုများလည်း ပါဝင် သည်။


READ NEXT
Cancel OK