Top News

ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း-ကျောက်ကြီးကားလမ်းရှိ တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ
24htopnews | January 17, 2025 6:12 AM CST

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ နယ် နရွဲပင်ကျေးရွာ ပဲနွယ်ကုန်း-ကျောက်ကြီး ကားလမ်းရှိ တံတားအမှတ် (၁/၅) ကွန်ကရစ် တံတားကို KNU နှင့် PDF များက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၂၈ ရက် နံနက် ၇ နာရီ ၁၅ မိ နစ်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ နယ် နရွဲပင်ကျေးရွာ ပဲနွယ်ကုန်း-ကျောက်ကြီး ကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၃ ဖာလုံအနီး ရှိ အရှည် ၁၅ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၁၀ ပေခန့်ရှိ တံတားအမှတ် (၁/၅)  ကွန်ကရစ် တံတားကို  KNUနှင့် PDF များက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် တံတား၏ ထိပ်နှစ်ဘက်မှာ ကတ္တရာလမ်းနှင့် အစပ်မှ တစ်ပေခန့်စီ ကွဲအက်ပျက်စီးကာ တံတားဝဲဘက်လက်ရန်းသည် လမ်းနှင့် တစ် ပေခန့် နိမ့်ဆင်းပျက်စီးခဲ့ပြီး ယာဉ်များဖြတ် သန်းသွားလာ၍မရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ပျက်စီးသွားသည့် တံ တားအား အများပြည်သူပြန်လည်အသုံးပြုနိုင်ရေးအတွက် ပြန်လည်ပြင်ဆင်နိုင်ရေး တာဝန်ရှိသူများနှင့် ပူပေါင်းဆောင်ရွက်လျက် ရှိကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သူများ အား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ် ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK