
မြန်မာအထူးသီးသန့်စီးပွားရေးဇုန်အတွင်း မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေသဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက ရေကြောင်းသတိပေးချက်ထုတ်ပြန်ထားသည်။
မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် သွယ်တန်းခြင်းလုပ်ငန်းကို CAMPANA MYTHIC ကုမ္ပဏီလိမစ်တက်က ဆောင်ရွက်မှာဖြစ်ပြီး အဆိုပါဖိုင်ဘာကေဘယ်သွယ်တန်းခြင်းလုပ်ငန်းကို ရေအောက်ဖိုင်ဘာကေဘယ်ချခင်းသည့်သင်္ဘောဖြင့် ဆောင်ရွက်မှာဖြစ်ကြောင်းသိရသည်။
ဆက်လက်ပြီး ထိုပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် သွယ်တန်းခြင်းလုပ်ငန်းကို မြန်မာအထူးသီးသန့်စီးပွားရေးဇုန်အတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှ ဧပြီ ၁၅ ရက်ထိ ဆောက်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ယင်းလုပ်ငန်းခွင်၏ ၄ ကီလိုမီတာပတ်လည်အတွင်း သဘောင်္ကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သဗ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်း မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက ရေကြောင်းသတိပေးချက်အနေဖြင့် ဇန်နဝါရီ ၂၀ ရက်က စတင်၍ အသိပေးကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်