Top News

ဂျပန်ကုမ္ပဏီ ၃၁၂ ခုက မြန်မာအလုပ်သမား တစ်ထောင်ကျော် ထပ်မံခေါ်ယူမည်
24htopnews | January 17, 2025 6:12 AM CST

ဂျပန်ကုမ္ပဏီ ၃၁၂ ခုက မြန်မာအလုပ် သမား တစ်ထောင်ကျော် ထပ်မံခေါ်ယူမည် ဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် တိုကျိုမြို့ ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ မြန်မာသံရုံး၊ တိုကျို မြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက  နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့ လာသည့် အလုပ်ကမ်းလှမ်းစာ (demand letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပါရှိသည်။

ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန် နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများ သည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင် ထားခြင်း ရှိ/မရှိ စာရွက်စာတမ်း အထောက် အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီး ဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရ သည်။

မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှ ၃၁ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြား ခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၃၁၂ ခုနှင့် ပတ် သက်သည့် အချက်အလက်များကို အသိပေး အကြောင်းကြားအပ်သည်ဟု ပါရှိသည်။

ယင်းအသိပေးသည့် အချက်အလက် များတွင် အလုပ်ကမ်းလှမ်းသည့် ဂျပန်နိုင်ငံ ကုမ္ပဏီ ၃၁၂ ခုက မြန်မာအလုပ်သမား အမျိုး သား၊ အမျိုးသမီး စုစုပေါင်း ၁၀၄၃ ဦး ထပ်မံ ခေါ်ယူရန် စီစဉ်ထားကြောင်း သိရသည်။

ဇန်နဝါရီ ၁ ရက်မှ ၁၆ ရက်အတွင်း အလုပ်ကမ်းလှမ်းသည့် ဂျပန်ကုမ္ပဏီ ၁၅၂ ခု က မြန်မာလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆၁၅ ဦး၊ ဒီဇင်ဘာ ၁၅ ရက်မှ ၃၀ ရက်အတွင်း အလုပ်ကမ်းလှမ်းသည့် ဂျပန် နိုင်ငံ ကုမ္ပဏီ ၂၂၄ ခုက မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆၄၁ ဦး၊ ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အတွင်း အလုပ်ကမ်းလှမ်းသည့် ဂျပန်နိုင်ငံ ကုမ္ပဏီ ၂၄၃ ခုက မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆၂၂ ဦး၊ နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အတွင်း အလုပ်ကမ်း လှမ်းသည့် ဂျပန်ကုမ္ပဏီ ၂၂၄ ခုက မြန်မာအ လုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇၈၁ ဦး၊ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အတွင်း အလုပ်ကမ်းလှမ်းသည့် ဂျပန် ကုမ္ပဏီ ၂၂၇ ခုက မြန်မာအလုပ်သမား အမျိုး သား၊ အမျိုးသမီး စုစုပေါင်း ၆၅၈ ဦး အသီး သီးခေါ်ယူမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန် မာသံရုံးက ထုတ်ပြန်ခဲ့သည်။


READ NEXT
Cancel OK