Top News

တနင်္သာရီမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် အမျိုးသားသုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး မုံရွာမြို့၌လည်း အမျိုးသားတစ်ဦး ခေါင်းဖြတ်အသတ်ခံရ
24htopnews | January 17, 2025 6:12 AM CST

တနင်္သာရီမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် အမျိုးသားသုံးဦး သေ နတ်ဖြင့် ပစ်သတ်ခံရပြီး မုံရွာမြို့တွင်လည်း အမျိုးသားတစ်ဦး ခေါင်းဖြတ်အသတ်ခံခဲ့ရ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ခဲ့သည်။

ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ထုံခါကျေးရွာနေ ဦးသန်းဝင်း (၄၇ နှစ်) သည် ကျေးရွာ၏ အနောက်ဘက်တစ်မိုင်ခန့်အကွာ ရှိ ၎င်းင်းပိုင်ဥယျာဉ်ခြံအတွင်း၌ မိသားစုနှင့်အ တူရှိနေစဉ် PDF ခြောက်ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဦးသန်းဝင်းအား သေ နတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာတစ် ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်နီကျေးရွာနေ ဦးပိုက် ဆောင်း (၅၂ နှစ်) သည် ၎င်းင်း၏ နေအိမ်မှ ကျေး ရွာဘုန်းတော်ကြီးကျောင်းသို့ လမ်းလျှောက် သွားစဉ် PDF နှစ်ဦး (စိစစ်ဆဲ) က‌ သေနတ် ဖြင့်ပစ်ခတ်ကာ ဆည်သည်ကျေးရွာဘက်သို့ စက်လှေဖြင့် ထွက်ပြေးသွားခဲ့သဖြင့် ဦးပိုက် ဆောင်းတွင် ဝဲချိုစောင်း၊ ရင်ညွန့်နှင့် ခါးတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာလေးချက်ရရှိကာ သေ ဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၃၀ ရက် နံနက် ၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး မင်းလှ မြို့နယ် ငလှစမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း (၅၀ နှစ်) သည် အဆိုပါကျေးရွာနေ ဦးဖိုးထူး ၏ နာရေးအိမ်၌ လိုအပ်သည်များကူညီဆောင် ရွက်ပေးခဲ့ပြီး ၎င်းင်းနေအိမ် အနောက်ဘက်သို့ သွားစဉ် သေနတ်ဖြင့် ချောင်းမြောင်းလုပ်ကြံ ပစ်ခတ်ခဲ့သဖြင့် ဦးထွန်းဝင်းတွင် ဦးခေါင်း နောက်စေ့မှ ယာမျက်လုံးသို့ ကျည်ဖောက် ထွက်ဒဏ်ရာတစ်ချက်ရရှိပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၃၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်း‌ဒေသကြီး မုံရွာမြို့ ထန်းတောရပ်ကွက် အင်းပတ်လမ်းရှိ အမှိုက်ပုံအနီး၌ အမျိုးသားတစ်ဦး သေဆုံးနေ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအမှိုက်ပုံ အနီး၌ အသက် ၃၅ နှစ်ခန့် အမျိုးသားတစ် ဦး (စိစစ်ဆဲ)မှာ ဦးခေါင်းဖြတ်သတ်ဖြတ်ခံရ ပြီး သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံး သူအား မုံရွာမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး သေဆုံးသူနှင့်ပတ်သက်၍ စုံစမ်း လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များကို ကျူးလွန်ခဲ့သူများ အား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအ ပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆောင်ရွက်လျက်ရှိကြောင်း  မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၂၈ ရက် နံနက် ၁၁ နာရီခွဲ တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နယ် သလ’ာရပ်ကွက် မုံရွာ-သာစည်လမ်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကမ္မကျေးရွာနေ ဦးကျော်မြိုင် (၅၄ နှစ်) သည် သလ္လာရပ်ကွက်ရှိ သာစည်စျေးမှ ၎င်းင်း၏နေ အိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အခင်းဖြစ် နေရာအရောက်တွင် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ် ဦး (စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်ထွက် ပြေးသွားခဲ့သဖြင့် ဦးကျော်မြိုင်တွင် သေနတ် ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထား ရှိကြောင်း သိရသည်။ ယင်းဖြစ်စဉ်တွင် ကျူး လွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေ နှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိ ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်း ထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK