
လေယာဉ်ဆီတင်သွင်းသည့် Asia Sun ကုမ္ပဏီအပါအဝင် ကုမ္ပဏီနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ယူကေအစိုးရက ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်သည်။
ယခုတစ်ခေါက် ဒဏ်ခတ်ပိတ်ဆို့မှုများက အရပ်သားပြည်သူအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ ဖိနှိပ်နှိမ်နင်းမှုများ ပြုလုပ်နေမှုကို ကူညီပေးနေသည့် ကုမ္ပဏီများအား ပစ်မှတ်ထားအရေးယူလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကျိုးသက်ရောက်မှု များနိုင်သမျှ များအောင် စေ့စေ့စပ်စပ် တွက်ချက်ထားပါတယ်။ ဒီလိုပိတ်ဆို့အရေးယူခြင်းအားဖြင့် မြန်မာစစ်တပ်ရဲ့ ဘဏ္ဍာငွေအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လောင်စာဆီအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လက်နက်နှင့် ကိရိယာအရင်းအမြစ် လက်လှမ်းရရှိနိုင်မှုတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်” ဟု ယူကေနိုင်ငံခြားရေးဝန်ကြီး James Cleverly က ပြောကြားသည်။
Asia Sun ကုမ္ပဏီလီမိတက်နှင့် Cargo Link ကုမ္ပဏီလီမိတက်တို့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ခြင်းဖြစ်ပြီး ယင်းကုမ္ပဏီနှစ်ခုစလုံးမှာ Asia Sun အုပ်စု၏ အစိတ်အပိုင်းများဖြစ်ကြောင်း ယူကေသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ လေယာဉ်ဆီတင်သွင်းမှုကဏ္ဍကို ချုပ်ကိုင်ထားသော ကုမ္ပဏီများဖြစ်ပြီး မြန်မာ့တပ်မတော် (လေ) အတွက် လေယာဉ်ဆီများ ဝယ်ယူတင်သွင်းနေသည့်ကုမ္ပဏီများထဲတွင် ပါဝင်ကြောင်း ယူကေသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်