Top News

ရေးမြို့နယ် လမိုင်းမြို့အနီးဝန်းကျင်ရှိ ရော်ဘာခြံများ မီးရှို့ ဖျက်ဆီးခံရပြီး ကျပ်သိန်းတစ်ထောင်ခန့် ဆုံးရှုံး
24htopnews | January 17, 2025 6:12 AM CST

Photo - Saw Ba Maung

မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်းမြို့အနီးဝန်းကျင်ရှိ ရော်ဘာခြံရှိ ရော်ဘာပင်များ  ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ထိုသို့ ရော်ဘာခြံများအား မီးလိုက်ရှို့ခဲ့သည့်အတွက် လမိုင်းမြို့နှင့် ဒုံဖီကျေးရွာကြားရှိ ရော်ဘာခြံများ၊ လမိုင်းမြို့နှင့် စာကလယ် (တောင်ဘုံ) ကျေးရွာကြားရှိ ရော်ဘာခြံများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ 

ဇန်နဝါရီ ၂၉ ရက် နံနက် (၁၀) နာရီဝန်းကျင်ခန့်က ဦးထုပ်အမဲ ဆောင်ထားပြီး ဝတ်စုံအမဲ ဝတ်ဆင်ထားပြီး ဆိုင်ကယ်အမဲရောင် စီးနင်းထားသည့် လူငယ်တစ်ဦးမှ ရော်ဘာခြံများအား လိုက်လံမီးရှို့ခဲ့သည်ကို တွေ့လိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ရော်ဘာခြံတွေကို မီးလိုက်ရှို့တဲ့ကောင်က အသက် နှစ်ဆယ် ကျော်လောက်ပဲရှိမယ်ထင်တယ်။ ခြံတွေမီးလောင်နေတာကို ငြှိမ်းနေရတာနဲ့ သူ့ကိုလိုက်မဖမ်းလိုက်ရဘူး။ ခြံ (၃၀) လောက် မီးလောင်သွားတယ်။ တချို့က တစ်ခြံလုံးကုန်သွားတယ်။ တချို့ခြံတွေက အနည်းငယ်လောင်သွားတာမျိုးရှိတယ်။ အားလုံးပေါင်းလိုက်ရင် သိန်း (၁၀၀၀) ကျပ်ဖိုးလောက် ဆုံးရှုံးသွားတယ်” ဟု ၎င်းဒေသခံက ဆက်လက် ပြောကြားသည်။

 

 


READ NEXT
Cancel OK