
ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၀ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ကာ သေနတ်ဖြင့်ပစ်ခတ်မှု ဇန်နဝါရီ ၃၀ ရက်၊ ညနေ ၈ နာရီ ၄၀ မိနစ်ကဖြစ်ပွားခဲ့ရာ အုပ်ချုပ်ရေးမှူးအပါအဝင် လေးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် အမှတ် ၆၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး(၄၁)နှစ်၊ ရာအိမ်မှူးများဖြစ်သည့် ဦးနေမျိုးအောင်(၄၂)နှစ်၊ ဦးခင်မောင်ဆင့် (ခ)မှန်ကြီး(၄၅)နှစ်နှင့် ဦးမိုးကြီး(ခ)အာကာမိုး(၄၄)နှစ်တို့သည် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၀ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို (စိစစ်ဆဲ) အမျိုးသား လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာကာ လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သည့် လေးဦးကို တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်