ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ဓါတ်အားခွဲရုံအား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွား
24htopnews | January 17, 2025 4:12 AM CST

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်လျှပ်စစ်ဓါတ်အားခွဲရုံအား လက်လုပ်မိုင်းဖြင့်ပစ်ပေါက်မှုကြောင့် ပေါက်ကွဲမှု ဖေဖော်ဝါရီ ၄ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ကြီးတံခွန်မြို့နယ် ၊ ၅၁ လမ်း ၊ ၁၃၅လမ်းနှင့် ၁၃၆ လမ်းကြား(ဋ)ရပ်ကွက်၊ စက်မှု(၂)လျှပ်စစ်ဓာတ်အားခွဲရုံ ဝန်းအတွင်းသို့ အမည်မသိ အမျိုးသားနှစ်ဦးမောင်းနှင်လာသော ဆိုင်ကယ်ပေါ်မှနေပြီး လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ ကြောင်း သိရသည်။
အဆိုပါလက်လုပ်မိုင်းဖြင့်ပစ်ပေါက်မှုကြောင့် ဓါတ်အားခွဲရုံအတွင်းရှိ ထရန်စဖော်မာနှစ်လုံးကြား ကျရောက်ပေါက်ကွဲခဲ့ပြီး ဆီများ ယိုစိမ့်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် လတ်တလော လျှပ်စစ်မီးပေးမှုကို ရပ်ဆိုင်းထားရသည်ဟုလည်း စုံစမ်းသိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်