Top News

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၀ လနီးပါးအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံ ၁၃၈၉၉၈၈ တန်ကျော်တင်ပို့မှုမှ ဒေါ်လာ ၁၀၇၉ ဒသမ ၅၆၈ သန်းရရှိ
24htopnews | January 17, 2025 4:12 AM CST

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁ဝလ နီးပါး အတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံ ၁၃၈၉၉၈၈ တန် ကျော်တင်ပို့မှုမှ ဒေါ်လာ ၁၀၇၉ ဒသမ ၅၆၈ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၇ ရက်အထိ ပင်လယ်ရေကြောင်း မှ ၁၂၁၄၆၉၈ ဒသမ ၀၉၃ တန် တင်ပို့မှုမှ ဒေါ်လာ ၉၅၅ ဒသမ ၃၅၁ သန်း၊ နယ်စပ်မှ ၁၇၅၂၉၀ ဒသမ ၇၇၂ တန် တင်ပို့မှုမှ ဒေါ် လာ ၁၂၄ ဒသမ ၂၁၇ သန်းဖြင့် စုစုပေါင်း တန်ချိန် ၁၃၈၉၉၈၈ဒသမ ၈၆၅ တန် တင်ပို့ မှုမှ ဒေါ်လာ ၁၀၇၉ ဒသမ ၅၆၈ သန်း ရရှိခဲ့ ခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ စက်တင်ဘာလကုန်အထိ ပင်လယ် ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာသန်း ၁၅၇၀ ကျော် ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကထက် ဒေါ်လာ ၃၇၄ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း သိရ သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်း မှ ဒေါ်လာ ၉၆၆ ဒသမ ၄၀၇ သန်း၊  နယ်စပ်မှ ဒေါ်လာ ၆၀၄ ဒသမ ၃၀၀ သန်းဖြင့် စုစု ပေါင်း ဒေါ်လာ ၁၅ရဝဒသမ ၇၀၇ သန်းရရှိ ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပ သို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆ သန်းကျော်တင် ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါးရရှိထား ပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန် နှစ် သောင်းသုံးထောင်ကျော် လျော့ကျခဲ့သော် လည်း ဝင် ငွေဒေါ်လာသန်း ၁၉၀ နီးပါးအထိ ပိုမိုရရှိခဲ့သည်။

တစ်နှစ်အတွင်း နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့မှုမှ ဒေါ်လာသန်း ၃၀၀ နီးပါးရရှိခဲ့ပြီး ပဲတီစိမ်းတင်ပို့မှုမှ ဒေါ် လာ ၁၈၈ သန်းကျော်ဖြင့် အများဆုံးဖြစ် ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ် မှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့ရာ၌ မတ်ပဲတင်ပို့မှုမှ ဒေါ်လာ သုည ဒသမ ၅၈ သန်း၊ ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၈၈ ဒသမ ၆၇ သန်း၊ ပဲစင်းငုံတင်ပို့မှုမှ ဒေါ်လာ သုည ဒသမ ၂၉ သန်း၊ ကုလားပဲ တင်ပို့မှုမှ ဒေါ်လာ သုည ဒသမ ၃၇ သန်း၊ ပဲလွန်းတင် ပို့မှုမှ ဒေါ်လာ ၉ ဒသမ ၀၈ သန်း၊ ထောပတ်ပဲ တင်ပို့မှုမှ ဒေါ်လာ ၂၀ ဒသမ ၉၈ သန်း၊ မြေ ထောက်ပဲတင်ပို့မှုမှ ဒေါ်လာ ၁၄ ဒသမ ၁၉ သန်း၊ အခြားပဲများတင်ပို့မှုမှ ဒေါ်လာ ၆၄ ဒသမ ၅၅ သန်း ရရှိခဲ့သည်။

တစ်နှစ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုး တင်ပို့မှုမှ ဒေါ်လာသန်း ၇၇၀ ကျော်ရရှိခဲ့ပြီး မတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၄၃၆ သန်းကျော် နှင့် ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၂၄ သန်း ကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက် ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ စသည့်ပဲအမျိုးအစားသုံးခုကို ပြည်ပ သို့ အများဆုံးတင်ပို့နေခြင်းဖြစ်သည်။

ယင်းတို့အနက် မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော် ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံစိုက်ပျိုးမှု ၃၅ ရာခိုင် နှုန်းကျော်ရှိသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးကို နှစ် စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်း ခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင် နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာ ခိုင်နှုန်း၊ ကုလားပဲရှစ်ရာခိုင်နှုန်း စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK