Top News

သံလွင်မြစ်အတွင်း ရေဆင်းကူးရာမှ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံး
24htopnews | January 17, 2025 4:12 AM CST

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဖားပုတောင်အနီး သံလွင်မြစ်ကမ်း‌ဘေးတွင် ဖေ‌ဖေါ်ဝါရီလ ၃ ရက် မွန်းလွဲပိုင်းက ရေဆင်းကူးရာမှ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဖေဖေါ်ဝါရီလ (၃) ရက် မွန်းလွဲ သုံး နာရီဝန်းကျင်အချိန်က ဖားပုတောင်အနီး သံလွင်မြစ်ကမ်းဘေးတွင် ရေကူးဆော့ကစားကြရာမှ ဘားအံမြို့နယ်၊ လှာကာကျေးရွာ၊ ဓမ္မပါလရပ်နေ မောင်ပြည့်ချမ်းအောင် (၁၈) နှစ်မှာ ရေနစ်ပျောက်ဆုံးခဲ့သည်ဟု သိရကြောင်း ဘားအံမြို့နယ် အခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး "မနေ့ညနေကတည်းက ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ပေမယ့် မတွေ့ခဲ့ဘူး။ ဒီနေ့ (ဖေဖေါ်ဝါရီလ (၄) ရက်) မှာတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Rescue Team ရယ်၊ မာဃ (သံလွင်အနောက်) လူမှုကူညီကယ်ဆယ်ရေးအသင်း၊ နောက် ပေးဆပ်သူ Rescue Team အပြင် မော်လမြိုင်က ရာမည လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က Diver Team အဖွဲ့ကပါလာရောက်အားဖြည့်ပြီး ရှာဖွေရေးတွေဆောင်ရွက်ခဲ့တဲ့အခါမှာ ဒီနေ့ မနက် (၁၁) နာရီလောက်မှာ မောင်ပြည့်ချမ်းအောင် ရဲ့ ရုပ်အလောင်းကို သူရေနစ်သွားတယ်ဆိုတဲ့ နေရာအနီးမှာပဲ ပြန်လည်ဆယ်ယူရရှိခဲ့ပါတယ်" ဟု ပြောကြားသည်။

ရေနစ်သေဆုံးခဲ့သည့် မောင်ပြည့်ချမ်းအောင် ၏ ရုပ်အလောင်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ယာဉ်ဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK