
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတံတားအဆင်း ရွှေအင်ကြင်းအိမ်ရာအနီးတွင် ယာဉ်တစ်စီးပေါ်မှ ယာဉ်မောင်းအား ဓားဖြင့်ထိုးပြီး ရွှေဆွဲကြိုးလုယက်မှု ဖေဖော်ဝါရီ ၄ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၄ ရက် ၊ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် သုဝဏ္ဏတံတားအဆင်း ရွှေအင်ကြင်းအိမ်ရာအနီးတွင် ယာဉ်တစ်စီးပေါ်မှ ယာဉ်မောင်းအမျိုးသားအား အမျိုးသားနှစ်ဦးမှ ဓားဖြင့်ထိုးပြီး ရွှေဆွဲကြိုးအား လုယက်ခဲ့ကြောင်း အဆိုပါနေရာအနီးတွင် စျေးရောင်းချသူများထံမှ သိရသည်။
"ကားပေါ်မှာက အမျိုးသားတစ်ယောက်ထဲ။ဘေးချင်းကပ်ကား တစ်စီးပေါ်က လူနှစ်ယောက်က ဆင်းလာတယ်။ပြီးတော့ ဓားနဲ့ထိုးပြီး ရွှေဆွဲကြိုးလုသွားတာ။ လုပြီးတော့ အဲ့နှစ်ယောက်က ကားနဲ့မောင်းပြီး ထွက်ပြေးတာ။ သူတို့ မောင်းပြေးတော့ အနီးနားကလူတွေက လိုက်ကြသေးတယ်။ ဒါပေမယ့် မမှီဘူး။ သူတို့ လွတ်သွားပါတယ်"ဟု အဆိုပါနေရာအနီးစျေးရောင်းချသူတစ်ဦးက ပြောကြားသည်။
ဓားဖြင့်ထိုးခံရသဖြင့် ထိခိုက်ဒဏ်ရာရရှိသည့်အမျိုးသားမှာ အသက်ကြီးပိုင်းအမျိုးသားတစ်ဦးဖြစ်ကြောင်း အဆိုပါနေရာအနီးတွင်စျေးရောင်းချသူများထံမှ သိရသည်။
ဓားဖြင့်ထိုးခံရသူအမျိုးသားအား အဆိုပါနေရာအနီးစျေးရောင်းချသူများမှာ Taxi ငှားပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် မိုးစေတနာပရဟိတအသင်း(ရန်ကုန်)မှ စုံစမ်းသိရှိရသည်။
"ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ လူနာက မရှိတော့ပါဘူး။ အဲ့အနီးနားက စျေးသည်လေးတွေက ဝိုင်းဝန်းကူညီပြီး Taxi နဲ့ ဆေးရုံကို ပို့ပေးလိုက်တယ်လို့ သိရပါတယ်။ အခုတော့ လူနာရှင်သိရပြီလို့ သတင်းရပါတယ်"ဟု မိုးစေတနာပရဟိတအသင်း(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
အခင်းဖြစ်ပွားခဲ့သည့် နေရာပတ်ဝန်းကျင်မှာ သုဝဏ္ဏလမ်းဆုံမီးပွိုင့်နှင့်နီးသဖြင့် ယာဉ်သွားယာဉ်လာများပြားသည့်နေရာတစ်ခုဖြစ်ပြီး မကြာခဏယာဉ်ကြောပိတ်ဆို့သည့်နေရာတစ်ခုဖြစ်ကာ စျေးရောင်းချသူအများအပြားလည်းရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်