
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့မှ နတ်သံကွင်းဘက်သို့ ဒေသထွက်ပစ္စည်းများ ရောင်းချရန် မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်းပေါ်၌ထောင်ထားသည့် ဒေသန္တရကားမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် အရပ်သားလေးဦး မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ကထုတ်ပြန်သည်။
ကျောက်ကြီးမြို့ ကပ်ကျေးရပ်ကွက်နေသူများဖြစ်သည့် ဦးအောင်အောင် မောင်းနှင်ပြီး ဒေါ်ဇာခြည်ဦး၊ မောင်လွင်ကို အောင်၊ မောင်အောင်သူရမျိုးလွင်နှင့် အသက်(၇)နှစ်အရွယ် မရှင်းသန့်လင်း တို့လိုက်ပါ၍ ဒေ သထွက်ပစ္စည်းများရောင်းချရန် မောင်းနှင်လာသည့် မော်တော်ယာဉ်သည် ဖေဖော်ဝါရီ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ ညောင်ကုန်းတံတား ရှောင်ကွင်းလမ်းသို့အရောက်၌ KNLA အဖွဲ့မှ ထောင်ထားသည့် ဒေသန္တရ ကားမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ ပြည်သူလေးဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ကျောက်ကြီးမြိုနယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း၊ မိုင်းပေါက်ကွဲသည့် နေရာအား ပြန်လည်ပြုပြင်ပြီးစီး၍ လူနှင့်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်း သွားလာလျက်ရှိကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်