Top News

အရာတော်မြို့နယ် ငွေတွင်းကျေးရွာတွင် မင်္ဂလာပွဲကျင်းပနေသည့် မဏ္ဍပ်ပေါ်သို့ ဒရုန်းဖြင့်ဗုံးတစ်လုံး ပစ်ချဖောက်ခွဲခဲ့သဖြင့် သတို့သားအပါအဝင် ငါးဦးဒဏ်ရာရ
24htopnews | January 17, 2025 4:12 AM CST

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော် မြို့နယ်၊ ငွေတွင်းကျေးရွာ၌ မင်္ဂလာပွဲကျင်းပနေသည့် မဏ္ဍပ်ပေါ်သို့ PDF များကဒရုန်းဖြင့် Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့သဖြင့် သတို့သားအပါအဝင် မင်္ဂလာပွဲသို့ ရောက်ရှိနေသည့် ပြည်သူငါးဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီခွဲတွင် အရာတော်မြို့နယ်၊ ငွေတွင်း ကျေးရွာနေသူ များဖြစ်သည့် မောင်နောင်နောင်(၂၀ နှစ်)နှင့် မနွယ်သဇင်မိုး (၁၉ နှစ်)တို့၏ မင်္ဂလာဧည့်ခံပွဲအား ဦးလှိုင်မိုး၏နေအိမ်ရှေ့ မဏ္ဍပ်၌ ကျင်းပနေစဉ် မင်္ဂလာမဏ္ဍပ်ပေါ်သို့ PDF များက ယင်းမာကန်ကျေးရွာဘက်မှနေ၍ဒရုန်းဖြင့် Drop Bomb တစ်လုံးပစ်ချတိုက်ခိုက်ခဲ့ရာ Drop Bomb မှာ မဏ္ဍပ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မဏ္ဍပ်အတွင်းရှိနေသည့် သတို့သား မောင်နောင်နောင်အပါအဝင် ပြည်သူ အမျိုးသား ငါးဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် အရာတော်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရကြောင်းသိရသည်။

ထိုသို့မင်္ဂလာပွဲအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK