
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု တလိုင်းစုရပ်ရှိ အခြေခံပညာမူလတန်းကျောင်းသို့ ကျောင်းပိတ်ရန် ခြိမ်းခြောက်စာ ပေးပို့ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် အမရပူရမြို့နယ်၊ ငယ်တိုးကျေး ရွာအုပ်စု တလိုင်းစုရပ်ရှိ အခြေခံပညာ မူလတန်းကျောင်းအရှေ့သို့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ခြိမ်းခြောက်စာတစ်စောင် လာရောက်ပစ်ချသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒုတိယအကြိမ် သတိပေးခြင်းဟု ရေးသားထားသည့် A-4 စာရွက်တစ်ရွက်အား တွေ့ရှိရကြောင်း၊ အဆိုပါကျောင်းဆိုင်းဘုတ်အနီး၌ ဇန်နဝါရီ ၂၆ ရက်ကလည်း “ခုချက်ချင်း ကျောင်းပိတ်၊ တစ်ကျောင်းလုံး ဗုံးစာကျွေးပစ်မယ်၊ အကုန် သတ်ပစ်မယ်၊ အမှောင်ထဲကလူ”ဟု ခြိမ်းခြောက်ရေးသားထားသည့် A-4 စာရွက်နှစ်ရွက်အား လာရောက်ပစ်ချထားကြောင်း သိရှိရပြီး အဆိုပါကျောင်း၌ ကျောင်းသူ၊ ကျောင်းသား ၁၆၉ ဦးတို့ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်