
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် မြို့တွင် အရပ်ရပ်လေလံတင်ရောင်းချပွဲ ကျင်းပနေသည့်နေရာအနီးလက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ ကံ့ကော်လမ်းဆုံအနီး ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကံ့ကော်လမ်းဆုံအနီး ကျင်းပနေသည့် အရပ်ရပ်လေလံတင်ရောင်းချပွဲအနီးသို့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ကာထွက် ပြေးသွားခဲ့သဖြင့် လေလံတင်ရောင်းချပွဲ အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီးရောက်ရှိနေသည့် ဟိုမွန်ရပ်ကွက်နေဦးစိုင်းရီမွန်(၅၂ နှစ်)၏ ယာလက်မောင်းနှင့် ဝမ်းဗိုက်တို့၌ ဗုံးစထိမှန်ဒဏ်ရာနှစ်ချက်ရရှိခဲ့သဖြင့် မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၂ ရက် ည ၆ နာရီ ၁၀ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ မနောသုခလမ်း အ မှတ်(၁)နေ ဦးသန်းထိုက်၏ နေအိမ်အား လူတစ်ဦးက လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ ဦးသန်းထိုက်၏ နေအိမ်ခြံဝင်းအတွင်းရှိ ရေတွင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ၎င်း၏နေအိမ်ပြတင်းတံခါးမှန် တစ်ချပ်ကွဲအက်ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်