Top News

အောင်လံမြို့နယ် သရက်ချောင်းကျေးရွာမှ ညီအစ်ကိုနှစ်ဦး ဒလန်ဟု စွပ်စွဲခံရပြီး သေနတ်၊ ဓားဖြင့် ပစ်ခတ်ထိုးခုတ်ခံရကာ ညီဖြစ်သူသေဆုံး
24htopnews | January 17, 2025 4:12 AM CST

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် သရက်ချောင်းကျေးရွာမှ ညီအစ်ကိုနှစ်ဦး ဒလန်ဟုစွပ်စွဲခံရပြီး သေနတ်၊ ဓားဖြင့် ပစ်ခတ်ထိုးခုတ်ခံရကာ ညီဖြစ်သူ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂ ရက် ညနေ ၅ နာရီ ၂၀ မိနစ်တွင် အောင်လံမြို့နယ်၊ သရက်ချောင်းကျေးရွာနေ  ဦးထက်စိန်၏ သားနှစ်ဦးဖြစ်သည့် ကိုဇော်မျိုးအောင် (၃၂)နှစ်နှင့် ကိုကျော်ရဲအောင် (ခ)ချင်းလေး(၃၀)နှစ်တို့သည် ဥယျဉ်ကျေးရွာနှင့် သရက်ချောင်း ကျေးရွာကြားရှိ ချောင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDFများက ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးအား ဒလန်ဟုစွပ်စွဲကာ သေနတ်၊ ဓားများဖြင့် ပစ်ခတ်၊ ထိုးခုတ်ခဲ့သဖြင့် ကိုဇော်မျိုးအောင်တွင် ဝမ်းဗိုက်နှင့် ယာပေါင်တို့၌ ထိုးသွင်းဒဏ်ရာနှစ်ချက်နှင့် ကိုကျော်ရဲအောင်(ခ)ချင်းလေးတွင် လည်ပင်း၊ ယာခြေသလုံးနှင့် နောက်ကျောတို့၌ ကျည်ဖောက်ဝင် ဒဏ်ရာသုံးချက်တို့ အသီးသီးရရှိခဲ့ကြောင်းသိရသည်။

ထို့နောက် ၎င်းတို့နှစ်ဦးအား ဆေးကုသမှုခံယူနိုင်ရေး ရွှေပန်းတောတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ကိုကျော်ရဲအောင်(ခ)ချင်းလေးမှာ အခင်းဖြစ်စဉ်က ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK