Top News

ပဲခူးတိုင်း ထန်းတပင်မြို့နယ် တပြေးကျေးရွာတွင် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
24htopnews | January 17, 2025 4:12 AM CST

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် တပြေးကျေးရွာတွင် အသက် ၆၅ နှစ် အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာရီခွဲတွင် ထန်းတပင်မြို့နယ်၊ တပြေးကျေးရွာနေ ဦးမြင့်သိန်း(၆၅ နှစ်)သည် ၎င်းပိုင်ငှက်ပျော ခြံ၌ရှိနေစဉ် PDF ၂၀ ဦးခန့်က ဆိုင်ကယ် ခုနစ်စီးဖြင့်ရောက်ရှိလာပြီး ဦးမြင့်သိန်းအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကာ ပြန်လည်ထွက်ခွာသွားသဖြင့် ၎င်းတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ၊ ယာရင်အုံကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK