
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအတွင်းသို့ ဒရုန်းဖြင့်ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ အရပ်သားနှစ်ဦး သေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် အရပ်သားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီခွဲခန့် တွင် KNLA အဖွဲ့နှင့်PDFများသည် ရွှေဂွန်းကျေးရွာအတွင်းသို့ ဒရုန်းယာဉ်နှစ်စီးအသုံးပြု၍နှစ်စီးအသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ နေရာနှစ်နေရာသို့ Drop Bomb နှစ်လုံးကျ ရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ကျရောက် ပေါက်ကွဲခဲ့သည့်နေရာများအား လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်ဒေသခံများက သွားရောက် စစ်ဆေးလျက်ရှိစဉ် Drop Bomb တစ်လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ဒေသခံပြည်သူ နှစ်ဦးတို့ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။
အထက်ပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား တောင်ကလေးရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်