
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် e-ID Software တွင် ထည့်သွင်းပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းအားမြေပြင်ကွင်းဆင်းကောက်ယူ တိုက်ဆိုင်စစ်ဆေးမှု ၈၆ ဒသမ ၇ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၏ ပြောကြားချက်အရသိရသည်။
ဖေဖော်ဝါရီ ၃ ရက်က ကျင်းပသည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ် မှု ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)တွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ကောက်ယူရရှိသော လူဦးရေစာရင်း အချက်အလက်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းများစုစည်း၍ ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များအတိုင်း ဆက်လက်စိစစ်ဆောင်ရွက်နေသည့် ကာလဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် e-ID Software တွင် ထည့်သွင်းပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းစုစုပေါင်း ၁၃ ဒသမ ၅ သန်းကျော်ရှိရာ ယခု မြေပြင် ကွင်းဆင်း၍ လက်ရှိအိမ်ထောင်စုပုံစံဖြင့် တိုက်ဆိုင်စစ်ဆေးကောက်ယူခဲ့သည့် အိမ်ထောင်စု ၁၁ ဒသမ ၇ သန်းကျော်၊ အခြားဒေသမှ အိမ်ထောင်စုစာရင်းသာရှိသူများ၊ လက်ရှိအိမ်ထောင်စုစာရင်းမရှိသူများ အလွတ်ပုံစံများဖြင့်ကောက်ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော်ကို ကောက်ယူနိုင်ခဲ့ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုပမာဏ ၈၆ ဒသမ ၇ ရာခိုင်နှုန်းကောက်ယူနိုင်ခဲ့ကြောင်း၊ အိမ်ထောင်စုတစ်သန်းခုနစ် သိန်းကျော်ကောက်ယူရန် ကျန်ရှိနေသေးသည်ကို တွေ့ရကြောင်း ပြောကြားသည်။
ယင်းအပြင် သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများတွင် စာရင်းရေးသွင်းပြုစုပြီး ဖြစ်သည့် e-ID Software နှင့် ချိတ်ဆက်ကာ မြေပြင်နှင့် ကွဲလွဲနေသည့်အချက်အလက်များ ဖြည့်သွင်း ပြင်ဆင်သည့်လုပ်ငန်းကိုလည်း တစ်ပြိုင် တည်းဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့ပြင် လူဦးရေစာရင်းနှင့်အတူ ကောက်ယူခဲ့သည့် မသန်စွမ်းငါးမျိုးစာရင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာခရိုင်ဦးစီးမှူးရုံးများသို့ လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်ရွက်ပြီးစီးသည့် စာရင်းဇယား၊ အချက်အလက်များအပေါ် မူတည်၍ မဲပေးရန်အသက်ပြည့်မီသည့် မဲပေးပိုင်ခွင့်ရှိသူလူဦးရေကို ၂၀၂၃ ခုနှစ် မတ်လအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အချိန်နှင့်တစ်ပြေးညီ ဆက်လက်ပေးပို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် စာရင်းကောက်ယူရန်ကျန်ရှိနေသည့် ဒေသများသို့လိုအပ်သည့် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များဖြည့်ဆည်းကာ နည်းလမ်းမျိုးစုံအသုံးပြု၍ ဆက်လက်ကွင်းဆင်းကောက်ယူနိုင်ရေးနှင့်မြေပြင် ကွင်းဆင်းကောက်ယူနိုင်ရေးလုပ်ငန်းစဉ် တစ်ခုလုံးကို လူဦးရေစာရင်းများ ထုတ်ပြန်နိုင်သည်အထိ ပြီးမြောက်အောင်မြင်စေရေး ဦးဆောင်မှုပေး၍ အနီးကပ်ကြီးကြပ်ကွပ်ကဲစီမံ ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းကဆိုသည်။
ထို့နောက်ကြီးကြပ်မှုဗဟို ကော်မတီဝင်များဖြစ်သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကော်မတီဝင် ကိုယ်စားလှယ်များက ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူခဲ့မှုနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ စာရင်းကောက်ယူရန် ကျန်ရှိနေသည့်ဒေသများနှင့် ဆက်လက်ကွင်းဆင်း ကောက်ယူသွားမည့်အစီအစဉ်များ၊ လဝကမြို့နယ်ဦးစီးမှူးရုံးများတွင် e-ID Software ဖြင့် အချက်အလက်များ ပြင်ဆင်၊ ဖြည့်စွက်၊ပယ်ဖျက်ခြင်းလုပ်ငန်း များအချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် ဗဟိုကော်မတီက ဖြည့် ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
ထိုသို့ရှင်းလင်း တင်ပြချက်များနှင့်စပ်လျဉ်း၍ ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်