
တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာလမ်းနှင့်သစ္စာလမ်းထောင့်အနီး ယာဉ်နှစ်စီးတိုက်မိပြီး လေးဦးဒဏ်ရာရရှိမှု ဖေဖော်ဝါရီ ၅ ရက် ၊ နံနက်ပိုင်းကဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီ ၅ ရက် ၊ နံနက် ၄ နာရီခွဲခန့်တွင် တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာလမ်းနှင့်သစ္စာလမ်းထောင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် မေတ္တာသီတာရေစင်စင်ပရဟိတအသင်းမှ သွားရောက်ခဲ့ကြောင်းသိရသည်။
"သုမင်္ဂလာလမ်းနှင့်သစ္စာလမ်းထောင့် တောင်ဥက္ကလာစာတိုက်မီးပွိုင့်အနီးမှာဖြစ်တာပါ။ယာဉ်တိုက်မှုဖြစ်ပွားတယ်ဆိုပြီး သတင်းရလို့ သွားရောက်ခဲ့တာပါ။လိုက်ထရပ်ယာဉ်နဲ့အိမ်စီးကားတစ်စီးတိုက်မိတာပါ။လိုက်ထရပ်က မိသားစုတွေစီးလာကြတာပါ"ဟု အခင်းဖြစ်နေရာသို့ရောက်ရှိခဲ့သည့် မေတ္တာသီတာရေစင်စင်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လိုက်ထရပ်ယာဉ်ပေါ်မှ အမျိုးသမီးသုံးဦး နှင့် အမျိုးသားတစ်ဦး စုစုပေါင်းလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများအား မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်