
(၇၆) ကြိမ်မြောက်မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားအား ဖေဖေါ်ဝါရီလ (၅) ရက် နံနက်ပိုင်းက မွန်ပြည်နယ်နှင့် မွန်တိုင်းရင်းသားများနေထိုင်ရာ ဒေသများအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အထိမ်းအမှတ်အခမ်းအနားအား မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ထိုအခမ်းအနားတွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများမှ စစ်ကြောင်းပုံဖြင့်နေရာယူခြင်း၊ အလံတော်တင်အခမ်းအနားပြုလုပ်ခြင်း၊ သဘာပတိအဖွဲ ဥက္ကဋ္ဌ မှ အမှာစကားပြောကြားခြင်း နှင့် မွန်အမျိုးသားနေ့ (ဗဟို) အထိမ်းအမှတ်အခမ်းအနားကျင်းပရာ မွန်ပြည်သစ်ပါတီထံသို့ ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားတင်ပြခြင်း စသည့်အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၆) ကြိမ်မြောက်မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားများအား မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ မွန်မင်းလမ်း အပန်းဖြေဥယျာဉ်အတွင်းလည်းကောင်း၊ ချောင်းဆုံမြို့နယ် တော်ကနာကျေးရွာတွင်လည်းကောင်း၊ ကျိုက်မရောမြို့ရှိ ဆုတောင်းပြည့်ဘုရားကြီဝင်းအတွင်းတွင်လည်းကြောင်း၊ မုဒုံမြို့နယ် ကမာဝက်မြို့တွင်လည်းကြောင်း၊ သံဖြူဇရပ်မြို့ရှိ မွန်ဓမ္မာရုံတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အလားတူ ရေးမြို့နယ် ဟံဂံကျေးရွာနှင့် ပေါင်မြို့နယ် ဇင်းကျိုက်မြို့များတွင်လည်း (၇၆) ကြိမ်မြောက်မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
“မနက် (၆) နာရီလောက်မှာ အခမ်းအနားကျင်းပတဲ့နေရာကို ဒေသခံတွေက စစ်ကြောင်းပုံနဲ့ ချီတက်လာကြတယ်။ ပြီးတော့ မွန်အမျိုးသားအလံတော်တင်အခမ်းအနားလုပ်တယ်။ သဘာပတိအဖွဲ့က အမှာစကားပြောတာတို့၊ သဝဏ်လွှာတွေ ဖတ်ကြားတာတို့လုပ်ပါတယ်။ ညပိုင်း ဖျော်ဖြေရေးအစီအစဉ်တွေမလုပ်ဖြစ်ဘူး။ အခမ်းအနားကို မနက်တစ်ပိုင်းတည်း ကျင်းပပြုလုပ်တာဖြစ်ပါတယ်” ဟု ဇင်းကျိုက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အပြင် မွန်တိုင်းရင်းသားများ၊ အများအပြားနေထိုင်ကြသည့် ဒေသများတွင်လည်း မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားများကျင်းပပြုလုပ်ခဲ့ကြကြောင်းနှင့် ရိုးရာပျော်ပွဲရွှင်ပွဲများ၊ မွန်ရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေခြင်းများ မွန်ရိုးရာအစားအစာများဖြင့် စတုဒီသာကျွေးမွေးခြင်း စသည်ဖြင့် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
(၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အထိမ်းအမှတ်အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။
သတင်း - ဘိုဘိုမြင့်
Photo - CJ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်