
ရေးမြို့နယ် ကျုလောင်းရွာဟောင်းကျေးရွာတွင် ဖေဖေါ်ဝါရီ ၄ ရက် နံနက် ၁၀ နာရီအခန့်က ရော်ဘာထင်းတုံးချအလုပ် လုပ်ကိုင်းနေသူများ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အမျိးသားတစ်ဦး သေဆုံးကာ၊ အမျိုးသမီးတစ်ဦး နှင့် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူမှာ အသက် ၂၇ နှစ်အရွယ် ကိုဝင်းထွန်းဆိုသူဖြစ်ကြောင်း ၊သေနတ်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသမီးမှာ ကိုဝင်းထွန်း၏ မိခင်ဖြစ်သူ အသက် (၆၅) နှစ်အရွယ် ဒေါ်သန်းရီ ဖြစ်ကြောင်းနှင့် နောက်တစ်ဦးမှာ ကိုဝင်းထွန်း၏ သူငယ်ချင်းဖြစ်သူ အသက် ၄၈ နှစ်ခန့်ရှိ ဦးနေလင်းထူးဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မနေ့ ဖေဖော်ဝါရီလ ၄ ရက် မနက်ပိုင်းမှာ သေနတ်သံတွေကြားလိုက်ရတယ်။ နောက်မှ ကိုဝင်းထွန်းတို့နေတဲ့ တဲအိမ်ကို လက်နက်ကိုင် ခြေက်ဦးလောက်ရောက်လာပြီး သေနတ်နဲ့ဝင်ပစ်သွားတာလို့ သိရတယ်။ ကိုဝင်းထွန်းက သေနတ်ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့ နေအိမ်တဲအတွင်းမှာပဲ သေဆုံးခဲ့တယ်လို့ သိရတယ်။ သေနတ်ဒဏ်ရာရသွားတဲ့ သူ့အမေနဲ့ သူ့သူငယ်ချင်းကိုတော့ မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မွန်ပြည်နယ် ရေးမြို့နယ် ကျုလေင်းရွာဟောင်းကျေးရွာနေ ဝင်းထွန်းအား Mon State Revolutionary Organization (M.S.R.O) နှင့် ရေးဘီလူးအဖွဲ့တို့မှ ပူးပေါင်းရှင်းလင်းခဲ့ကြောင်း ၎င်းတို့အသုံးပြုသည့် လူမှုကွန်ယက်စာမျက်နှာပေါ် သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၂ ရက်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မွန်ပြည်နယ်ရေးမြို့နယ်အား စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်