Top News

လော့စ်အိန်ဂျလိစ်တွင် တောမီးအန္တရာယ်သတိပေးကာလ သက်တမ်းကုန်သွားသော်လည်း အန္တရာယ်များ ဆက်ရှိနေသေးကြောင်း တာဝန်ရှိသူများ သတိပေး
24htopnews | January 16, 2025 10:12 PM CST

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် တောမီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး အန္တရာယ်အချက်ပြသင်္ကေတတစ်ခုဖြစ်သည့် Red Flag သတိပေးကာလသည် သက် တမ်းကုန်သွားပြီဖြစ်သော်လည်း ခြောက်သွေ့မှုနှင့် လေပြင်းများတိုက်ခတ်မှုအခြေအနေများက တောမီးလောင်ကျွမ်းမှုအန္တရာယ် ဆက်ရှိနေနိုင်ဆဲဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။

လက်ရှိ လော့စ်အိန်ဂျလိစ်တွင် တောမီးအန္တရာယ်နှင့်ပတ်သက်ပြီး Red Flag သတိပေးချက်ကို ယာယီရပ်နားရခြင်းဖြစ်နိုင်ပြီး နောက်ထပ် Red Flag သတိပေးချက်များကို ထပ်မံထုတ်ပြန်ရန် ဖြစ်နိုင်ခြေများပြားနေကြောင်း အမျိုးသားမိုးလေဝသဌာနက ပြောကြားခဲ့သည်။

လူပေါင်း ၂၅ ဦးသေဆုံးခဲ့ပြီး ၀ါရှင်တန်ဒီစီအရွယ်အစားနီးပါးရှိသည့်ဒေသကို တော မီးများလောင်ကျွမ်းခဲ့ပြီးနောက် လူပေါင်း ၆ သန်းခွဲခန့်သည့် စိုးရိမ်ရသည့် တောမီးခြိမ်းခြောက်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

မီးသတ်သမားများက ဇန်နဝါရီ ၁၅ ရက်တွင် ခြောက်သွေ့မှုနှင့် လေပြင်းများတိုက်ခတ်မှုများကြောင့် ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်သည့် ကြီးမားသည့်တောမီးနှစ်ခုကို ကြိုးစားငြှိမ်းသတ်လျက်ရှိသည်။ ထိုတောမီးများသည် လော့စ်အိန်ဂျလိစ်တွင် လောင်ကျွမ်းခဲ့သည်မှာ ရှစ်ရက်ကြာမြင့်လာပြီဖြစ်သည်။

ဒေသခံများအနေဖြင့် သတိဝီရိယရှိကြရန်နှင့် အာဏာပိုင်များ၏ တိုက်တွန်းနိုးဆော်ချက်ရရှိချိန်တွင် ချက်ချင်းနေရာရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်ထားကြရန်တိုက်တွန်းခဲ့သည်။

“ဒီနေ့အချိန်အထိ အန္တရာယ်ရှိနေတဲ့ အခြေအနေမှာရှိနေဆဲဖြစ်တယ်ဆိုတာကို ကျွန်မတို့ ထပ်ပြီးပြောချင်ပါတယ်။ ပြင်စရာရှိတာတွေပြင်ထားပြီး ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အသင့်ပြင်ထားကြပါ”ဟု ကောင်တီကြီးကြပ်ရေးမှူး လင်ဆေးဟော်ဗတ်က ဇန်နဝါရီ ၁၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုဒေသတွင် လွန်ခဲ့သည့် ကိုးလအတွင်း မိုးရေချိန်လုံလောက်စွာမရွာသွန်းခဲ့သည့်အတွက် စိုထိုင်းဆနည်းပါးနေပြီး လေပြင်းများတိုက်ခတ်မှုများကြောင့် တောမီးအန္တရာယ်များ ဆက်ရှိနေသည့်သဘောဖြစ်သည်။

ယခုလောင်ကျွမ်းခဲ့သည့် လော့စ်အိန်ဂျလိစ်တောမီးကြောင့် အိမ်များနှင့်အဆောက်အအုံပေါင်း ၁၂၀၀၀ ကျော်ပျက်စီးခဲ့ကာ လူပေါင်း ၂၀၀၀၀၀ ခန့် ၎င်းတို့နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည်။

လူပေါင်း ၈၂၄၀၀ သည် ဘေးလွတ်ရာရွှေ့ပြောင်းရန် ညွှန်ကြားချက်များကို ရရှိထားပြီး နောက်ထပ်လူပေါင်း ၉၀၄၀၀ သည် ဇန်နဝါရီ ၁၅ ရက်အထိ ဘေးလွတ်ရာရွှေ့ပြောင်းမိန့်ကို ရရှိထားကြောင်း ကောင်တီငြိမ်ဝပ်ပိ ပြားရေးအရာရှိ ရောဘတ်လူနာက ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်မြို့၏ ရပ်ကွက်များသည်တောမီးလောင်ကျွမ်းခဲ့မှုကြောင့် ပြာပုံများနှင့် အပျက်အစီးများသာ ကျန်ရှိခဲ့သည်။

အမေရိကန်၊ ကနေဒါနှင့် မက္ကဆီနိုင်ငံတို့မှ မီးသတ်သမား ၈၅၀၀ သည်တောမီးအခြေအနေကို သုံးရက်ကြာ စောင့်ကြည့်ခဲ့ကြသည်။

လက်ရှိတွင် လော့စ်အိန်ဂျလိစ်မြို့၏ အနောက်ဘက်စွန်းတွင် ပါလီဆာဒက်စ်ရပ် ကွက်တွင်လောင်ကျွန်းနေသည့် ပါလီဆာဒက်စ်တောမီးနှင့် အီတန်ရပ်ကွက်တွင်လောင် ကျွမ်းနေသည့် အီတန်တောမီးနှစ်ခု ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်သည်။

Ref: Reuters


READ NEXT
Cancel OK