
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းတွင် မီးတောင်တစ်တောင် ပေါက်ကွဲမှုဖြစ်ပွားပြီး ချော်ပြာများပန်းထွက်နေမှု ပိုမိုမြင့်တက်လာသောကြောင့် ရာနှင့်ချီသောဒေသခံများသည် ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ဆောင်မှုတွင် ၎င်းတို့အလှည့်ရောက်ရှိရန် စောင့်ဆိုင်းနေကြသည်ဟု တာဝန်ရှိသူများက ဇန်နဝါရီ ၁၆ ရက်တွင်ပြောကြားခဲ့သည်။
မြောက်မာလူကူပြည်နယ် ဝေးလံခေါင်သီသော ဟယ်မာဟီရာကျွန်းပေါ်တွင်တည်ရှိသည့် အိုင်ဘူတောင်သည် ဇန်နဝါရီ ၁၅ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးမီးခိုးများသည် ကောင်းကင်အထက် အမြင့်ပေ ၂ ဒသမ ၅ မိုင်အထိ ပန်းထွက်လျက်ရှိသည်။
အင်ဒိုနီးရှားဘူမိတိုင်းထွာရေးအေဂျင်စီက မီးတောင်၏ သတိပေးချက်အဆင့်ကို ချက်ချင်း အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ခဲ့ကာ ဒေသခံအာဏာပိုင်များက မီးတောင်အနီးအနားတွင် နေထိုင်နေသော လူ ၃ဝဝဝခန့် ကို ရွှေ့ပြောင်းရန်တိုက်တွန်းခဲ့သည်။
ဇန်နဝါရီ ၁၆ ရက်နံနက်ခင်းအချိန်အထိ မီးတောင်နှင့်ထိစပ်နေသော ကျေးရွာမှ ဒေသခံ ၅၁၇ ဦးကို ရွှေ့ပြောင်းပေးခဲ့ကာကျန်ဒေသခံများကို နေ့လယ်ခင်းတွင် ဆက်လက်ပြောင်းရွှေ့ပေးရန် စီစဉ်ခဲ့သည်။
“ဒေသခံအာဏာပိုင်တွေက ယာယီကယ်ဆယ်ရေးစခန်းကို ပြင်ဆင်ထားပါတယ်။ ဒီနေ့(ဇန်နဝါရီ ၁၆ ရက်)မှာတော့ ကျေးရွာခြောက်ရွာက ဒေသခံတွေအကုန်လုံးကိုရွှေ့ပြောင်းပေးဖို့ စီစဉ်ထားပါတယ်”ဟု ဒေသခံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင် စီမှ ပြောရေးဆိုခွင့်ရှိသူ အာဖန်အိုင်ဒရက်စ်က ပြောကြားခဲ့သည်။
ရွှေ့ပြောင်းမှုများကို ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် ည ၆ နာရီတွင် စတင်လုပ်ဆောင်ခဲ့သော်လည်း စီမံခန့်ခွဲရေးပိုင်းနှင့် သယ်ယူပို့ဆောင်ရေးပိုင်းများတွင် ပြဿနာများရှိသောကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ကြောင်း ၎င်းကဆိုသည်။
ဇန်နဝါရီ ၁၆ ရက်နံနက်ခင်းတွင်ရွာ သွန်းသောမိုးသည် ရွှေ့ပြောင်းမှုလုပ်ငန်းစဉ်ကို နှောင့်နှေးစေခဲ့ကြောင်း ၎င်းကဆိုသည်။
ကုန်တင်ယာဉ်များသည် ရွှေ့ပြောင်းမှုများအတွက် ပြင်ဆင်ထားချိန် ဒေသခံများသည် ၎င်းတို့၏သက်ဆိုင်ရာကျေးရွာများတွင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောပြခဲ့သည်။
“ကြောက်ရွံ့တာတွေ၊ စိုးရိမ်တာတွေရှိပေမဲ့လည်း ဒီနေရာမှာ မီးတောင်ပေါက်ကွဲတာတွေ ခဏခဏ ဖြစ်နေတော့ ကျင့်သားရနေပါပြီ”ဟု အသက် ၃၂ နှစ်အရွယ်ဒေသခံရစ်တာတူရူက ပြောပြခဲ့သည်။
“သီတင်းတစ်ပတ်ထဲမှာပဲ ပေါက်ကွဲမှုတွေက သုံးကြိမ်ကနေလေးကြိမ်အထိဖြစ် ပွားနေပါတယ်။ဒါပေမဲ့ အကြီးဆုံးပေါက်ကွဲမှုဖြစ်စဉ်ကတော့ ဒီတစ်ပတ်ထဲ တစ်ကြိမ်သာဖြစ်ပွားခဲ့ပါတယ်”ဟု ၎င်းကပြောပြခဲ့သည်။
မီးတောင်တည်ငြိမ်သွားရန် မျှော်လင့်နေပြီး ထိုမှသာကျေးရွာသားများအားလုံးက ၎င်းတို့၏ ပုံမှန်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက် အိုင်ဘူတောင်သည် ဇွန်လနှောင်းပိုင်းကတည်းက သိသာထင်ရှားသောလှုပ်ရှားမှုများ ပိုမိုမြင့်တက်လာခဲ့သည်။
ဇန်နဝါရီ၏ ပထမဆုံးသီတင်းပတ်အတွင်း၌ပင် အင်ဒိုနီးရှား၏ မီးတောင်ရှင်များမှတစ်ခုဖြစ်သည့် အိုင်ဘူမီးတောင်သည်ကိုးကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
အိုင်ဘူမီးတောင်အနီးရှိ ဒေသခံများနှင့် ခရီးသွားများအား မီးတောင်ထိပ်ဝ၏ငါးကီလိုမီတာမှ ခြောက်ကီလိုမီတာသီးသန့်ဇုန်တွင်းသွားလာခြင်းမပြုကြရန် အကြံပြုထားပြီး မီးတောင်ပြာများကျဆင်းမှုကြောင့် မျက်နှာဖုံးများ တပ်ဆင်ထားကြရန် တိုက်တွန်းခဲ့သည်။ ၂၀၂၂ခုနှစ်အထိ ဟယ်မာဟီရာကျွန်းတွင် နေထိုင်သူ ၇၀၀,၀၀၀ ဝန်းကျင်ရှိသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်