Top News

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက် ဖြင့် လှုံ့ဆော်မှုများနှင့် ပတ်သက်၍ ဆိုင်းဆရာ စိန်ဒူးဝါး အပါအဝင် လူပုဂ္ဂိုလ် ၂၀ ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံအမှုဖွင့်
24htopnews | January 16, 2025 9:12 PM CST

Photo – dsinfomm blogspot

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက် ဖြင့် လှုံ့ဆော်မှုများနှင့် ပတ်သက်၍ ဆိုင်းဆရာ စိန်ဒူးဝါး  အပါအဝင် လူပုဂ္ဂိုလ် ၂၀ ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံအမှုဖွင့်ကြောင်း ဧပြီ ၉ ရက် ည ပိုင်းက MRTV သတင်း ဌာန ၏ ကြေညာချက်အရ သိရသည်။

အဆိုပါ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ထပ်မံအမှုဖွင့်ခံရသူများမှာ စိန်ဒူးဝါး၊ သန်းသန်းနွယ်၊ ရွှေဝတ်မှုံ၊ အောင်ကျော်စိုး၊ အေးမေ၊ ချစ်ရီလှိုင်၊ တင်ဝင်းစိုး၊ ပြည့်ဝထွန်း၊ ဉာဏ်လှိုင်၊ အောင်ငြိမ်းကျော်၊ ရန်ပိုင်ဦး၊ အောင်မင်း၊ သီသီအောင်၊ မျိုးထိုက်တန်သိမ်း၊ ပြည့်ဖြိုးသူ၊ ဝင်းဇော်၊ တင်ဖေ၊ သက်ထွန်း၊ ဇေယျာ၊ အောင်ရဲပြည့် တို့ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှု ဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိတဲ့အတွက် အဆိုပါ လူပုဂ္ဂိုလ် ၂၀ ဦးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်အရ သိရသည်။

 

ထို့ပြင် အဆိုပါပြစ်မှုကျူးလွန်သူများအား လက်ခံထားသူများကိုလည်း အရေးယူသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် ယခုကဲ့သို့ ဆောင်ရွက်သူများအားလည်း ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK