
Open Society Myanmar ရုံးအဖွဲ့ဝင်များအား လက်ခံထားသူများကို ဥပဒေနှင့်အညီ အရေးယူမည်ဟု ယနေ့(ဧပြီ ၉ ရက်) ည ၈ နာရီ နိုင်ငံပိုင် ရုပ်သံ သတင်း ထုတ်လွှင့်မှုအရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် Open Society Myanmar မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမျိုးမြင့်အောင်သည် ၂၀၂၁ ခုနှစ် မတ် ၈ ရက်က အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMED Bank) မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂ သန်းနှင့်ညီမျှသည့် ငွေကျပ်သိန်းပေါင်း ၁၉၉၉၉ သိန်းအား ထုတ်ယူကာ ဝန်ထမ်းလစာများ ထုတ်ပေးပြီးနောက် လက်ကျန်ငွေ ကျပ်သိန်းပေါင်း ၁၃၉၉၉ သိန်းနှင့်အတူ တိမ်းရှောင်နေကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဒေါက်တာမျိုးမြင့်အောင် အပါအဝင် ရုံးအဖွဲ့ဝင် ၁၁ ဦး သည် ထွက်ပြေး တိမ်းရှောင်လျက်ရှိသဖြင့် လုံခြုံရေး ပူးပေါင်းအဖွဲ့က မတ် ၁၁ ရက် တွင် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ်(၁၉၂)၊ (၁၀)လွှာ တိုက်ခန်းရှိ Open Society Myanmar ရုံးကို ဝင်ရောက် ရှာဖွေစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
သို့ဖြစ်ပါ၍ Open Society Myanmar မှ ဒေါက်တာ မျိုးမြင့်အောင် အပါအဝင် ထွက်ပြေး တိမ်းရှောင်လျက်ရှိသူ ၁၁ ဦးအား တွေ့ရှိပါက နီးစပ်ရာ နယ်မြေခံတပ်၊ ရဲစခန်းများသို့ အကြောင်းကြားပေးရန်နှင့် လက်ခံထားသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်