Top News

လားရှိုး- မန္တလေးပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်မွန်နယ်မြေ ရဲစခန်းအား လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦး ကျဆုံး
24htopnews | January 16, 2025 9:12 PM CST

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့နယ် လားရှိုး - မန္တလေးပြည်ထောင်စုကားလမ်းမပေါ်ရှိ နောင်မွန်နယ်မြေ ရဲစခန်းကို လက်နက်ကိုင်အဖွဲ့များက ယနေ့(ဧပြီ ၁၀ ရက်) နံနက် ၅ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့များ၏ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်မွန်နယ်မြေရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၄ဦး ကျဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

မနက် ၅ နာရီလောက်ကတည်းက ပစ်ခတ်သံတွေကြားတယ်။ကျွန်တော်တို့လည်း ကြောက်နေတာနဲ့ အပြင် လည်း ထွက်မကြည့်ရဲဘူး။ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေကတော့ မနက် ၇ နာရီလောက်ထိ ကြားရတယ်။ လက်ရှိမှာတော့ ခရီးသည်တင်ကားတွေတော့ ပုံမှန်ပြန်သွားနေတာတွေ့ရတယ်။ ဟု နောင်မွန် ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များအား နောင်မွန် ကျေးရွာ၊ နောင်မွန်နယ်မြေရဲစခန်းမှ လားရှိုးမြို့သို့  ပရဟိတယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် လားရှိုးမြို့၌ လုံခြုံရေး အထူးတင်းကြပ်ထားပြီး ဧပြီ ၁၀ ရက်နေ့နံနက်ပိုင်းတွင် လမ်းမတော်လမ်းပေါ်ရှိ မြို့မရဲစခန်းအနီး  မြို့တော်ခန်းမ မှ ရိုးမဘဏ်အထိ လမ်းပိတ်ထားကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။



 


READ NEXT
Cancel OK