
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာတချို့ သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများ၏ ပြောကြာချက်များအရ သိရသည်။
ချောင်းဆုံမြို့နယ်အတွင်း ပင်လယ်ကမ်းခြေပိုင်းကျေးရွာများ ဖြစ်သည့် ဆယ်ပလာ၊ ဇီးကုန်း အစရှိသောကျေးရွာများအပြင် ကော့မုပွန်၊ ကညှော် အစရှိသော သံလ်ငင်မြစ်ကမ်းဘေး ကျေးရွာတချို့တွင် သောက်ရေ ပြတ်လပ်မှုကြုံတွေ့နေရ ခြင်း ဖြစ်သည်။
ပင်လယ်ကမ်းခြေပိုင်းကျေးရွာတစ်ခုဖြစ်သည့် ဆယ်ပလာကျေးရွာတွင် ဧပြီလဆန်းပိုင်းမှစတင်ကာ သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း ဆယ်ပလာကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။
"ရွာအတွက်ကို ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ရေထွက်တစ်ခုကနေ လေးမိုင်လောက်ကို ရေပိုက်သွယ်ပေးထားတာရှိတယ်။ ဒါပေမယ့် အခုက အဲ့ဒီရေထွက်မှာ ရေကခန်းသွားတော့ ရွာအတွက်က သောက်သုံးရေ မရတော့ဘူး ဖြစ်သွားတယ်။ ခါတိုင်းဆိုရင် ရွာမှသောက်ရေအခက်အခဲဖြစ်ရင် Facebook ပေါ်တင်လိုက်တာနဲ့ အလှူရှင်တွေက လာလှူပေးကြတယ်။ အခုက အင်တာနက်လိုင်းတွေမရှိတော့ အကူအညီ တောင်းမရဘူးဖြစ်နေတယ်" ဟု အဆိုပါ ဆယ်ပလာကျေးရွာဒေသခံက ဆက်လက်ပြောကြားသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာတချို့အပြင် မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်တချို့တွင်လည်း သောက်သုံးရေ ပြတ်လပ်မှုများဖြစ်ပေါ်နေပြီး သောက်သုံးရေ ဖြန့်ဝေလှူဒါန်းပေးနေကြောင်း မော်လမြိုင် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"ကျွန်တော်တို့က ချောင်းဆုံမြို့နယ်ထဲက ကျေးရွာတွေအပြင်ကို မော်လမြိုင်မြို့က ဈေးကြို၊ ဒေါင်းဇရပ်ဘက်လည်း သောက်သုံးရေတွေ ဖြန့်ဝေလှူဒါန်းပေးနေပါတယ်။ ဒီနှစ်မှာက မနှစ်ကလောက်တော့ မော်လမြိုင်မြို့က ရပ်ကွက်တွေ ရေမရှားသေးဘူး။ သင်္ကြန်ကာလပြီးရင်တော့ သောက်သုံးရေအခက်အခဲ ပိုဖြစ်လာနိုင်မယ်လို့ ယူဆရပါတယ်" ဟု အဆိုပါ မော်လမြိုင်အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောကြားသည်။
အလားတူ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာတချို့တွင်လည်း သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
Photo - Mawlamyine Rescue Team
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်