
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်ချုပ်ရန် Stay at Home (မိမိအိမ်တွင်နေထိုင်ရန်) ကြေညာထားသည့်မြို့နယ်များအား ယင်းအစီအစဉ်ပယ်ဖျက်ကြောင်း ဧပြီ ၉ ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာသည် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်အားလုံး(ကိုးကိုးကျွန်းမြို့နယ်မပါ)တွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၅ ရက်၌ မန္တလေးတိုင်းဒေသကြီးရှိ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အမရပူရမြို့နယ်တို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင်လည်းကောင်း၊ အောက်တိုဘာ ၁၉ ရက်တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်လည်းကောင်း၊ ဒီဇင်ဘာ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီးမြို့နယ်တို့တွင်လည်းကောင်း ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်အသီးသီးမှ ပြည်သူများအနေဖြင့် မိမိအိမ်တွင်နေထိုင်ရန် Stay at Home အမိန့်များထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် Stay at Home အဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့သော တိုင်းဒေသကြီးများနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိမှု လျော့နည်းလာခြင်း၊ တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်းတို့ကြောင့် အထက်ဖော်ပြပါ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီ ၁၀ ရက် နံနက် ၄ နာရီအချိန်မှစ၍ မိမိနေအိမ်တွင်နေထိုင်ရန် Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှပယ်ဖျက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည် အမိန့်စာတွင်ဖော်ပြပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်