
မြောက်ဥက္ကလာပမြို့နယ်တွင် ရာဇသတ်ကြီး ပုဒ်မ ၃၉၆၊ ၃၉၇ အရ စစ်အုပ်ချုပ်ရေး မာရှယ်လော စစ်ခုံရုံးဖွဲ့၍ လူ ၁၉ ဦးအား သေဒဏ်ချမှတ်ခဲ့ပြီး ၄င်းတို့အနက် ၁၇ ဦး ထွက်ပြေးလွတ်မြောက်နေဟု ဧပြီ ၉ ရက် ည ၈ နာရီ MRTV သတင်းထုတ်လွှင့်မှုအရ သိရသည်။
အဆိုပါ သတင်းထုတ်လွှင့်မှုအရ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ မြရပ်ကွက်၊ ခေမာကျောင်းလမ်းနှင့် ဧရာ ၁၅ လမ်းဒေါင့်အနီးတွင် မတ်် ၂၇ ရက် မွန်းလွဲ ၃ နာရီခွဲခန့်၌ အောင်အောင်ထက်(ခ) အောင်ထက်(ခ) အောင်ကြီးနှင့် ဘိုဘိုသူ အပါအဝင် လူ ၁၉ ဦး သည် ဗိုလ်ကြီး ထက်အောင်ကျော်နှင့်အတူ မောင်သန့်စင်ထွေး စီးနင်းမောင်းနှင်လာသည့် အနက်ရောင် မော်တော်ဆိုင်ကယ်၊ ဗိုလ်ကြီး ထက်အောင်ကျော် ကိုင်ဆောင်သည့် ပစ္စတို သေနတ် တစ်လက်၊ Icon တစ်လုံးတို့ကို လုယက်ယူဆောင်ခြင်း၊ ဗိုလ်ကြီးထက်အောင်ကျော်နှင့် မောင်သန့်ဇင်ထွန်းတို့ကို နောက်ပြန်ကြိုးတုပ်ကာ ဒုတ်ဓားများဖြင့် ၀ိုင်းဝန်ရိုက်နှက်ထိုးခုတ်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ၊ ထိုသို့ ပြုလုပ်ခဲ့သည့်အတွက် ၎င်းတို့မှာ ဒဏ်ရာများ အသီးသီး ရရှိကာ မောင်သန့်ဇင်ထွေးမှာ ယာဘက်ရင်ခေါင်းထိုးသွင်း ဒဏ်ရာကြောင့် ယာဘက်အဆုတ်ထိုးသွင်း ဒဏ်ရာရရှိပြီး ရင်ခေါင်းအတွင်း သွေးလွန်ခြင်းကြောင့် သွေးထွက်လွန်၊ သွေးလန့်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြစ်မှု ကျူးလွန်သူများကို စစ်အုပ်ချုပ်ရေး မာရှယ်လော စစ်ခုံရုံးဖွဲ့ပြီး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ ၃၉၆၊ ၃၉၇ အရ ဧပြီ ၈ ရက်တွင် သေဒဏ် အမိန့်ချခဲ့ကြောင်း သိရသည်။
ယင်းပြစ်ဒဏ်ချမှတ်ခဲ့ရသူ ၁၉ ဦး အနက် မင်းမင်းဦး ၊ ရဲထွဋ်(ခ) ရဲရင့်ကျော်၊ ငမိုး(ခ) အောင်ဇော်မိုး၊ အောင်နိုင်ဦး၊ ဝဏ္ဏ (ခ) ဝဏ္ဏသူ(ခ) ပြည်စုံမြင့်၊ စည်သူထွန်း၊ဇော်မျိုးအောင်၊ ကျော်သူ၊ ဂျင်းမီ(ခ) စိုးထွန်းနိုင်၊ ကျော်ဇေယျာလင်း(ခ) ကောင်းကောင်း၊ အာကာ ၊မျိုးကိုကိုကျော်၊ ကိုဖြိုး(ခ) ပြည့်ဖြိုးကျော်၊ အောင်သက်ဦး၊ ဒေါ်နီနီအောင်၊ ချိုတူး(ခ) မြင့်ဦး၊ အောင်မောင်း(ခ) မင်းမင်းစိုး၊ ထွက်ပြေး လွတ်မြောက်နေသည့်အတွက် ၄င်း နှင့်စပ်လျဉ်းပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇/၈၈ အရ ဖမ်းဝရမ်းထုတ်စစ်ရန် အမိန့် ချမှတ်ခဲ့ကြောင်း သတင်းထုတ်လွှင့်မှုအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်