Top News

မိုးကုတ် ရေပူဆရာတော်အပါအဝင် ၃၀ ဦးကို ထောင် သုံးနှစ်စီ ချမှတ်
24htopnews | January 16, 2025 9:12 PM CST

ပုဒ်မ ၅၀၅ က ဖြင့် တရားစွဲဆိုထားသည့် မိုးကုတ် ရေပူဆရာတော်အပါအဝင် ၃၀ ဦးကို  မိုးကုတ်မြို့နယ် တရားရုံးတွင်  ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည် ။

မတ်လ ၁၁ ရက်  မိုးကုတ်ဆန္ဒပြသပိတ် ဖြိုခွင်းမှုတွင် ဖမ်းဆီးခံခဲ့ရသော ရေပူဆရာတော်ကို ယင်းနေ့ညပိုင်းတွင် လူဝတ်လဲခဲ့သည်ဟုသိရပြီး ဆရာအတော်နှင့် ဖမ်းဆီးထားသည့် လူပုဂ္ဂိုလ် ၂၉ ဦးကို ပုဒ်မ ၅၀၅ က ဖြင့် ဧပြီ ၉ ရက်က ထောင် ၃ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည် ။

''ရေပူဆရာတော်ကို ၃ နှစ်ချလိုက်ပြီဆိုတာ အမှု လိုက်ပါဆောင်ရွက်နေကြတဲ့ ရှေ့နေအသိုင်းအဝိုင်းဆီကနေ သိရပါတယ် ။ သေဆုံးသူဦးရေက မိုးကုတ်အနောက်ပိုင်းမှာ ၅ ယောက်နဲ့ အရှေ့ပိုင်းက ၃ ယောက် ၈ ယောက်ရှိပြီ ''ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောကြားသည် ။

ဆန္ဒပြသပိတ်ဖြိုခွင်းမှုအတွင်း မိုးကုတ်တွင်   ၈ ဦးခန့် သေဆုံးခဲ့ပြီး လက်ရှိတွင် ဆန္ဒပြမှုအချို့ ဆက်လက်ရှိနေကြောင်းလည်း သိရသည် ။


READ NEXT
Cancel OK