
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်မှုများနှင့် ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင် ဒေါင်း အပါအဝင် လူပုဂ္ဂိုလ် ၂၀ ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံအမှုဖွင့်ကြောင်း ဧပြီ ၁၀ ရက် ညပိုင်းက တပ်မတော် သတင်းမှန်ပြန်ကြားရေး Blogspot တွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ထပ်မံအမှုဖွင့်ခံရသူများမှာ ဒေါင်း(ခ) သူရအောင်၊ သီရိမေ၊ နန်းဖြိုး၊ စုယဉ်ထွန်း၊ အိအိလင်း၊ ဒေါက်တာ တေဇာထွန်း၊ မိုရ်လွင်၊ ညိုညိုစိမ့်၊ အိအိဖြူ၊ လမင်းအောင်၊ မင်းသိန်း၊ ယုယုလွင်၊ မိုမိုလွင်၊ ဝင်းထွန်း၊ သူဟန်လွင်၊ ဇာနည်မောင်မောင်၊ လင်းခိုင်၊ ကဗျာဝန်းရံ၊ နိုင်နိုင်အောင်၊ ဝေလင်းဖြိုး တို့ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှု ဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိတဲ့အတွက် အဆိုပါ လူပုဂ္ဂိုလ် ၂၀ ဦးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်အရ သိရသည်။
ထို့ပြင် အဆိုပါပြစ်မှုကျူးလွန်သူများအား လက်ခံထားသူများကိုလည်း အရေးယူသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် ယခုကဲ့သို့ ဆောင်ရွက်သူများအားလည်း ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်