Top News

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်မှုများနှင့် ပတ်သက်၍ သရုပ်ဆောင် အဆိုတော် ခြူးစစ်ဟန် အပါအဝင် လူပုဂ္ဂိုလ် ၂၀ ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံအမှုဖွင့်
24htopnews | January 16, 2025 9:12 PM CST

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်မှုများနှင့် ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင် ဒေါင်း အပါအဝင် လူပုဂ္ဂိုလ် ၂၀ ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံအမှုဖွင့်ကြောင်း ဧပြီ ၁၁ ရက် ညပိုင်းက dsinfomm blogspot တွင် ဖော်ပြချက်အရ သိရသည်။

အဆိုပါ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ထပ်မံအမှုဖွင့်ခံရသူများမှာ ခြူးစစ်ဟန်၊ ဒေါက်တာရွှေပုံ၊ ကောင်းမြတ်သူ၊ မိုးဇော်အောင်၊ ကျော်နိုင်ဦး၊ နေကိုအောင်၊ ဘရန်စိုင်း၊ အောင်ကျော်ကျော်၊ မောင်မောင်နိုင်၊ ဥက္ကာချမ်းငြိမ်း၊ နန်းအိအိစံ၊ တင်မြင့်ဇော်၊ အောင်ကျော်သူ၊ တင်ထွန်းအောင်၊ ဒေါက်တာ စိုင်းသော်ဇင်ဦး၊ အေးအေးသန့်၊ လွန်းမောင်၊ ခင်လေး၊ သိန်းမြင့်၊ မိုးမိုးဝင်း တို့ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှု ဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိတဲ့အတွက် အဆိုပါ လူပုဂ္ဂိုလ် ၂၀ ဦးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်အရ သိရသည်။

ထို့ပြင် အဆိုပါပြစ်မှုကျူးလွန်သူများအား လက်ခံထားသူများကိုလည်း အရေးယူသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် ယခုကဲ့သို့ ဆောင်ရွက်သူများအားလည်း ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK