Top News

အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူး ရာသီကုန်အထိ နားရမည်
24htopnews | January 16, 2025 7:12 PM CST

အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးသည် ACL ဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ဂျေးဇူး(၂၇ နှစ်) သည် ဇန်နဝါရီ (၁၂)ရက်က မန်ယူအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် (၄၀) မိနစ်တွင် စတာလင်နှင့် လူစားလဲခဲ့ရသည်။

အာဆင်နယ်အသင်းသည် ဂျေးဇူး၏ဒဏ်ရာကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဘယ်ဘက်ဒူးအရွတ်စုတ်ပြဲခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဂျေးဇူးသည် ယင်းဒဏ်ရာကြာင့် ယခုရာသီကုန်အထိ အနားယူရမည်ဖြစ်ပြီး ယင်းမှာ အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက် ဖြစ်ခဲ့သည်။ 

အာဆင်နယ်အသင်းသည် ယခင်ကတည်းက တိုက်စစ်မှူး လိုအပ်ချက်ရှိနေသည့်အတွက် ယခုအခါ ကစားသမားသစ် ခေါ်ယူအားဖြည့်ရန် စီစဉ်နေကြောင်း သိရသည်။


READ NEXT
Cancel OK