
လီဗာပူးလ်အသင်း၏နည်းပြဟောင်းဖြစ်သူ ယာဂန်ကလော့ပ်က ရက်ဘူးလ်အုပ်စုပိုင်ဆိုင်သည့် ဘောလုံးကလပ် တစ်သင်းသင်းကို နည်းပြအဖြစ် ကိုင်တွယ်မည်မဟုတ်ကြောင်း ကတိပြုခဲ့သည်။
ကလော့ပ်သည် ပြီးခဲ့သည့်နှစ်က ရက်ဘူးလ်၏ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရပြီး ဇန်နဝါရီလ(၁)ရက်တွင် စတင်တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။
ရက်ဘူးလ်အုပ်စုသည် လိုက်ပ်ဇစ်(ဂျာမနီ)၊ ဆာလ်ဇ်ဘာ့ဂ်(သြစတြီးယား)၊ နယူးယောက်ရက်ဘူးလ်(အမေရိကန်)၊ ဘရာဂန်တီနို(ဘရာဇီးလ်) အသင်းများကို အလုံးစုံပိုင်ဆိုင်ထား ပြီး လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်အသင်း၏ ရှယ်ယာအနည်းငယ်ကိုလည်း ဝယ်ယူထားသည်။
ပြီးခဲ့သည့်အင်္ဂါနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုပွဲတွင် တစ်နေ့နေ့ ယင်းအသင်းများထဲမှ တစ်သင်းသင်းကို နည်းပြအဖြစ် တာဝန်ယူမည်လားဟု မေးမြန်းမှုကို ယာဂန်ကလော့ပ်က ငြင်းဆန်ခဲ့သည်။
''မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ရက်ဘူးလ်တစ်သင်းသင်းရဲ့ နည်းပြဖြစ်လာဖို့လည်း မရှိပါဘူး။ ဒါက ရှင်းလင်းတဲ့ ကတိကဝတ်ပါပဲ။ အာမခံချက် ပေးနိုင်တာကလည်း အားလုံးနည်းပြမဖြစ်မှာ သေချာပါတယ်။ ငါးနှစ်အတွင်း ကျွန်တော် ရှိနေမယ့် အခန်းထဲမှာ တစ်ဦးတည်းသောပုဂ္ဂိုလ်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်ဟာ ပဟေဠိဆန်တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ ရက်ဘူးလ်နည်းပြတွေထဲက တစ်ဦးအဖြစ် အစားထိုးခံရဖို့ မရှိပါဘူး။ ဒီမေးခွန်းတွေ လုံးဝဖြစ်ပေါ်မလာနိုင်တဲ့ ဖွဲ့စည်းပုံတစ်ခုကို ဖော်ဆောင်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်''ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်