
ဂျူဗင်တပ်စ်နည်းပြ မော့တာက ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် သရေပွဲများ များနေသည့်အတွက် မပျော်ရွှင်နိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၂၀) အပြီးတွင် ရှုံးပွဲလုံးဝမရှိသည့် တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေသော်လည်း (၁၃) ပွဲအထိ သရေကျထားပြီး (၇)ပွဲသာ အနိုင်ရထားသည်။
ထို့ ကြောင့် အတ္တလန်တာအသင်းနှင့် သရေကျသည့် စီးရီးအေပွဲစဉ်အပြီးတွင် သရေပွဲများနေသည့်အပေါ် မပျော်မရွှင်ဖြစ်မိကြောင်း ဂျူဗင်တပ်စ်နည်းပြ မော့တာက ဝန်ခံပြောကြားခဲ့ခြင်း ဖြစ်သည်။
မော့တာက ''ဒီရာသီမှာ ကျွန်တော်တို့အသင်း သရေပွဲတွေ အများကြီးကျခဲ့တာ အမှန်တရားပါပဲ။ အဲဒီအပေါ် ကျွန်တော် မပျော်ပါဘူး။ ကျွန်တော်တို့ ကစားသမားတွေ နေ့တိုင်းအစွမ်းကုန်ကြိုးစားနေကြလို့ သရေရလဒ်တွေက ကျွန်တော်တို့အ တွက် ပျော်စရာမဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ယင်းကဲ့သို့ သရေပွဲများခဲ့ခြင်းကြောင့် ထိပ်ဆုံးမှ (၃)ပွဲရှုံးထားသော နာပိုလီအသင်းနှင့် (၁၃)မှတ်ကွာဟနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်