ဝေဖန်မှုများကို ဂရုမစိုက်ဟု အန်ဆယ်လော့တီ ပြောကြား
24htopnews | January 16, 2025 7:12 PM CST

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဝေဖန်မှုများကို ဂရုမစိုက်ကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် စပိန်စူပါဖလားဗိုလ်လုပွဲတွင် မဟာပြိုင်ဘက် ဘာစီလိုနာအသင်းကို (၂-၅)ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ယခုအခါ အန်ဆယ်လော့တီက '' ဝေဖန်မှုတွေကို ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော်က ဒီလောကမှာ ကျင်လည်လာတာကြာပြီဆိုတော့ ဘာလုပ်ရမယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ကျွန်တော်က အကောင်းဆုံးမဟုတ်သလို၊ ကျွန်တော်က အညံ့ဆုံးလည်း မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
အန်ဆယ်လော့တီသည် ရီးယဲလ်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း မဟာပြိုင်ဘက် ဘာစီလိုနာအသင်းကို နှစ်ပွဲဆက် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် လာမည့်နွေရာသီတွင် လမ်းခွဲရရန် သေချောနေပြီဟု ထင်ကြေးပေးမှုများလည်း ရှိနေသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်