
လော့အိန်းဂျလိစ်အနောက်ပိုင်း အောက်စနက်၌ လောင်သော Auto Fire မီးများကို မီးသတ်သမားတစ်ဦးကြည့်နေပုံကို ဇန်နဝါရီ ၁၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
လော့အိန်ဂျလိစ်မြို့ကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေသော ပြင်းထန်တောမီးများကို ကယ်လီဖိုးနီးယားပြည်နယ်၏တုံ့ပြန်မှုနှင့် ပတ်သက်၍ အီလွန်မက်စ်က အလိမ်အညာများကို ဖြန့်နေသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်နယူဆွမ်က စွပ်စွဲလိုက်သောကြောင့် သတင်းတုပျံနှံ့မှုနှင့်စပ်လျဉ်း၍ ၎င်းတို့၏အွန်လိုင်းအငြင်းအခုံသည် အရှိန်မြင့်တက်လာသည်။
တက်လာတော့မည့် အစိုးရကိုအကြံပေးရာတွင် အဓိက ကဏ္ဍကပါဝင်မည့် တက်ဆလာနှင့် Space X ပိုင်ရှင် အီလွန်မက်စ်နှင့် အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်တို့က အနည်းဆုံး ၂၄ ဦးသေဆုံးခဲ့ပြီး လူထောင်ချီ နေရပ်စွန့်ခွာခဲ့ရသော ပြင်းထန်မီးများကို အုပ်ချုပ်ရေးမှူးဂါဗင်နယူဆွမ် ကိုင်တွယ်ပုံအား ဝေဖန်မှု ပိုများလာခဲ့သည်။
၎င်း၏ဆိုရှယ်မီဒီယာ X တွင် တင်ခဲ့သောပို့စ်၌ မက်စ်ကလော့အိန်းဂျလိစ်မြို့၌ များပြားလှသော နေအိမ်များ ဆုံးရှုံးမှုအကြောင်းဖော်ပြထားပြီး ရေပြတ်လပ်မှုဖြစ်ရခြင်းမှာ ပြည်နယ်အဆင့်၊ အရပ်ဒေသအဆင့်၌ ဆိုးရွားသော အုပ်ချုပ်ပုံကြောင့်ဟု အပြစ်တင်ထားသည်။
“မီးသတ်သမားတွေကသူရဲ့(မက်စ်)ရဲ့ အလိမ်အညာတွေကို ဖော်ထုတ်ခဲ့ပါတယ်”ဟု နယူဆွမ်က ဇန်နဝါရီ ၁၂ ရက်ညပိုင်းတွင် ပို့စ်တင်ခဲ့သည်။ ရေရရှိမှုသည် ပြဿနာတစ်ရပ်ဟုတ်မဟုတ် အီလွန်မက်စ်က မီးသတ်သမားများအား မေးမြန်းနေသည့် ဗီဒီယိုအတိုကို ဂါဗင်နယူဆွမ်က ပို့စ်၌ တွဲတင်ခဲ့သည်။
ရေလှောင်ကန်အချို့တွင် ရေများရှိနေသည်ဟု မီးသတ်သမားများက ဖြေကြားခဲ့ပြီး အကြီးမားဆုံးမီးကို တိုက်ပွဲဝင်ရာတွင်ရေသယ်ယာဉ်များ ဖြည့်စွက်ပေးရန်လိုအပ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့ကြသည်။
လွန်ခဲ့သောသီတင်းပတ်ကုန်တွင် သီးခြားကတောက်ကဆတ်ဖြစ်ရာတွင်လည်း နယူဆွမ်ကအီလွန်မက်စ်သည် လိမ်ညာခြင်းဖြင့် ဖောက်ထွင်းခိုးယူမှုကို အားပေးနေသည်ဟု စွပ်စွဲခဲ့သည်။ အီလွန်မက်စ်က နယူဆွမ် နှင့်၎င်း၏တစ်ပါတီတည်းသား ဒီမိုကရက်တို့သည် ဖောက်ထွင်းခိုးယူမှုကို ရာဇဝတ်မှု မမြောက်အောင်လုပ်နေသည်ဟု မှားယွင်းစွာပြောဆိုထားသော ပို့စ်ကို X တွင်တင်ခဲ့သောကြောင့် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးနယူဆွမ်၏ စွပ်စွဲချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
“အဲဒါဟာ တရားမဝင်ပါဘူး။ အမြဲတမ်းတရားမဝင်ပါဘူး။ မကောင်းတဲ့သူတွေကို ဖမ်းဆီးပြီး တရားစီရင်ရပါလိမ့်မယ်”ဟု နယူူစွမ်က တုံ့ပြန်ခဲ့သည်။ မီးကြောင့်အိုးအိမ်ပစ်ပြေးကြသူများ နေထိုင်သည့်နေရာများ၌ ဖောက်ထွင်းခိုးယူမှုအများအပြားဖြစ်နေသည်ဟူသော စိုးရိမ်မှုများရှိနေသည့်ကြားထဲ ၎င်းတို့နှစ်ဦး အွန်လိုင်းတွင် အငြင်းပွားခဲ့ကြခြင်းဖြစ်သည်။
လွန်ခဲ့သော သီတင်းပတ်တွင် လော့အိန်းဂျလိစ်ရပ်ကွက်အချို့ကို မီးငွေ့ငွေထွက်စေသော အပျက်အစီးများ ဖြစ်ပေါ်စေခဲ့သည့် မီးများလောင်ခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ရေးသည် အမေရိကန်ဒေါ်လာဘီလျံချီ ကုန်ကျလိမ့်မည်ဟု အရေးပေါ်တာဝန်ရှိ သူမျာနှင့်တွေ့ဆုံရာတွင် သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။
“လော့အိန်းဂျလိစ်ကို မူလအနေအထားဖြစ်အောင်လုပ်ဖို့ ဒေါ်လာဘီလျံဆယ်ဂဏန်း လောက်ကုန်ကျပါလိမ့်မယ်”ဟု ရာထူးမှ ထွက်ခွာတော့မည့်သမ္မတက ပြောကြားခဲ့သည်။ Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်