Top News

တောင်ကိုရီးယား စုံစမ်းစစ်ဆေးသူများက သမ္မတယွန်းဆော့ယိုကို ဖမ်းဆီး
24htopnews | January 16, 2025 7:12 PM CST

တောင်ကိုရီးယားစုံစမ်းစစ်ဆေးသူများသည် စွပ်စွဲပြစ်တင်ခံထားရသည့် သမ္မတယွန်းဆော့ယိုကို ဇန်နဝါရီ ၁၅ ရက်တွင် ဖမ်းဆီးခဲ့သည်။

ဒီဇင်ဘာ ၃ ရက်က ယွန်း၏ အောင်မြင်ခြင်းမရှိသည့် စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့မှုနှင့် ပတ်သက်ပြီး ပုန်ကန်မှုစွပ်စွဲချက်များစစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။

ယွန်းဖမ်းဆီးခံရမှုသည် တောင်ကိုရီးယား၌ ရာထူးလက်ဝယ်ရှိနေဆဲဖြစ်သည့် သမ္မတတစ်ဦးအား ပထမဆုံးအကြိမ် ဖမ်းဆီးမှုဖြစ်သည်။

မကြာသေးမီရက်ပိုင်းများအတွင်းက စုံစမ်းစစ်ဆေးသူများနှင့် ရဲအရာရှိများ၏ ယွန်း၏ နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးရန်ကြိုးပမ်းခဲ့သော်လည်း သမ္မတလုံခြုံရေးအဖွဲ့များ၏ တားဆီးပိတ်ပင်မှုကြောင့် အောင်မြင်ခဲ့ခြင်းမရှိပေ။

ဇန်နဝါရီ ၁၅ ရက်တွင်မူ အင်အား ၃၀၀၀ ကျော်ရှိသည့် ရဲတပ်ဖွဲ့ဝင်များသည် ယွန်း၏နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးရန် ချီတက်လာသဖြင့် အကြမ်းဖက်မှုများ မဖြစ်စေရန်အတွက် စစ်ဆေးမေးမြန်းမှုခံယူရန် ယွန်းက သဘောတူခဲ့ခြင်းဖြစ်သည်။

ယွန်းကို ခေါ်ဆောင်သွားသည့်ယာဉ်တန်းသည် သမ္မတနေအိမ်မှ ထွက်ခွာပြီးနောက် အဂတိလိုက်စားမှုတိုကဖျက်ရေးအေဂျင်စီ၏ ရုံးသို့ ရောက်ရှိခဲ့သည်။

တာဝန်ရှိသူများအနေဖြင့် ယွန်းအား စစ်ဆေးမေးမြန်းရန် အချိန် ၄၈ နာရီရရှိထားသည်။ ထို့နောက် ယွန်းအား ရက် ၂၀ ကြာ ထိန်းသိမ်းရန် ၀ရမ်းထုတ်ပေးရန်တရားရုံးကို တောင်းဆိုသွားမည်ဖြစ်ပြီး ၀ရမ်းမရပါက ယွန်းကို ပြန်လွှတ်ပေးရမည်ဖြစ်သည်။

Ref: CNA

 


READ NEXT
Cancel OK